ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor ဟာလက်ရှိမှာ သူ့ရဲ့အယ်လ်ဘမ်အသစ်ကိုပြင်ဆင်နေတာဖြစ်ပါတယ်။ 1989 (Taylor’s Version) လို့နာမည်ပေးထားတဲ့ ဒီအယ်လ်ဘမ်ဟာမထွက်ခင်ကတည်းကနေ ပရိတ်သတ်တွေအများကြီးမျှော်လင့်နေကြတဲ့ သီချင်းတွေပါဝင်မှာဖြစ်ပါတယ်။ မကြာသေးခင်က တေလာဟာနယူးယောက်မြို့က Electric Lady Studio ကနေထွက်လာတဲ့ပုံကိုပရိတ်သတ်တွေက တွေ့သွားခဲ့ပါတယ်။

ဒါ့အပြင် တေလာမထွက်လာခင်အချိန်လေးမှာပဲ တောင်ကိုးရီးယားရဲ့နာမည်ကျော်အဖွဲ့ဖြစ်တဲ့ BlackPink ရဲ့အဖွဲ့ဝင် Rose ကလည်း အဲ့ဒီ့စတူဒီယိုကနေပဲထွက်လာခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်သား Collaboration တစ်ခုခုလုပ်နေကြတာလားလို့ မျှော်လင့်ခဲ့ကြပေမဲ့ အမှန်တော့ Rose ဟာ တေလာရဲ့အယ်လ်ဘမ် Listening Party ကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။


Rose အပြင် Hayley Wiliams Jack Antonoff အစရှိတဲ့နာမည်ကြီးအဆိုတော်အများစုလည်းတက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကတော့ တေလာအနေနှင့် Rose နှင့်အခုလိုရင်းနှီးနေတာက အနာဂတ်မှာ Collaboration တစ်ခုခုဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါ့အပြင် နှစ်ယောက်သားရဲ့ခင်မင်မှုကိုလည်း ပရိတ်သတ်တွေကအများကြီးသဘောကျနေကြပါတယ်။

Source – Allkpop
#Myanmarload #Rose #TaylorSwift #1989Album #BlackPink #Collaboration