Mark နှင့် Kimmy တို့ဟာ မကြာခင်မှာလက်ထပ်တော့မယ့်စုံတွဲလေးဖြစ်ပါတယ်။ နှစ်တွေအကြာကြီးတွဲခဲ့ကြပြီး ပရိတ်သတ်တွေရဲ့အားပေးမှုတွေကိုရရှိထားတဲ့ MarkKim တို့စုံတွဲဟာ သူတို့လက်ထပ်မယ့်အစီအစဥ် တွေကိုလည်း ပရိတ်သတ်တွေကို သေချာချပြပြီးပြောပြခဲ့ကြတာဖြစ်ပါတယ်။


Mark ဟာ ချင်းမိုင်ကဖြစ်တာကြောင့် နှစ်ယောက်သားရဲ့စေ့စပ်ပွဲကိုချင်းမိုင်မှာ ချင်းမိုင်ရိုးရာဝတ်စုံလေးတွေနှင့်ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီးရင် နေထိုင်ဖို့ဆောက်လုပ်ထားတဲ့အိမ်အသစ်တက်ပွဲနှင့် စေ့စပ်ပွဲကိုပေါင်းလုပ်ခဲ့ကြတာဖြစ်ပါတယ်။


အင်တာဗျူးတွေမှာ မင်္ဂလာဆောင်ခါနီးဖြစ်တာကြောင့် နေမကောင်းဖြစ်နေတယ်လို့ ပြောကြတဲ့ မင်းသမီး Kimmy ကလည်း ဒီပွဲမှာတော့ ပြုံးပြုံးရွှင်ရွှင်တွေ့ရတာကြောင့် နှစ်ယောက်သားရဲ့ မင်္ဂလာပွဲကိုလည်း ပရိတ်သတ်တွေက အများကြီးမျှော်လင့်နေကြပြီဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံလေးတွေနှင့်ချစ်ဖို့ကောင်းနေတဲ့ P’Mark တို့စုံတွဲဓာတ်ပုံလေးတွေကိုပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Source – ThaiNews
#Myanmarload #MarkKimmy #Chinmai #Engagement_Ceremory