EXO အဖွဲ့ဝင် Xiumin ဟာ အဆိုကောင်းမွန်တာနှင့် အကတော်တာကြောင့်နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့ Main Vocalist တစ်ယောက်ဖြစ်တဲ့ပြီးတော့ ဆိုရခက်တဲ့သီချင်းတွေနှင့်အမြင့်သံတွေကိုကျွမ်းကျွမ်းကျင်ကျင်ဆိုနိုင်တဲ့သူဖြစ်ပါတယ်။ မကြာသေးခင်က NCT Universe: Lastart ဆိုတဲ့အိုင်ဒေါပြိုင်ပွဲတစ်ခုမှာ Xiumin ဟာအထူးဧည့်သည်အနေနှင့် ပြိုင်ပွဲဝင်တွေဆီကိုရောက်လာခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့လေ့ကျင့်မှုတွေကိုစောင့်ကြည့်ပြီးတော့ လိုအပ်တဲ့အကြံဉာဏ်တွေပေးခဲ့တာဖြစ်ပါတယ်။ Xiuminက “အိုင်ဒေါအဖွဲ့ဝင်အနေနှင့်အဓိကလိုအပ်တာက သီချင်းဆိုတတ်ဖို့ပဲ။ တစ်ကယ်လို့သေလောက်အောင်အကတော်နေရင်တောင် သီချင်းမဆိုတတ်ရင် အသုံးမဝင်သလိုဖြစ်သွားလိမ့်မယ်။ ဒါ့ကြောင့် သီချင်းဆိုတာကိုအလေးထားပြီးလေ့ကျင့်ကြပါ” ဆိုပြီးအကြံကောင်းလေးပေးခဲ့တာဖြစ်ပါတယ်။

ဒီအပိုင်းကိုထုတ်လွှင့်ပြီးတဲ့အခါမှာတော့ Netizen တွေက “အခုခေတ်အိုင်ဒေါတွေက အကနှင့်ရုပ်ရည်ကိုပိုအလေးပေးနေကြတာ “ “သီချင်းဆိုတာကိုပိုအားစိုက်ခိုင်းတာကတစ်ကယ်လိုအပ်နေတာ “ “နောက်ပိုင်းအိုင်ဒေါတွေက သီချင်းဆိုတာကိုဂရုမစိုက်သလိုလုပ်နေကြတာ” အစရှိတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Source – Koreaboo
#Myanmarload #EXO #Xiumin #NCT