၂၀၂၃ WaterBoom ပွဲတော်ရဲ့အကျော်ကြားဆုံးအဆိုတော်ဖြစ်တဲ့ Kwon Eunbi ဟာမူလကမိန်းကလေးအိုင်ဒေါအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့အနေနှင့်လှုပ်ရှားနေတုန်းက ဖြူစင်ပြီးချစ်စရာကောင်းတဲ့ ပုံရိပ်ရှိတဲ့ Kwon Eunbi ဟာ 2023 Waterboom မှာသူ့ရဲ့ဆွဲဆောင်မှုတွေကိုအထင်းသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီ ကနေတစ်ဆင့်ပိုအောင်မြင်လာပြီးနောက်ပိုင်းမှာတော့ Kwon Eunbi ဟာလိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုနှင့်စော်ကားမှုတွေကိုပါခံစားလာရကြောင်း ပြောကြားခဲ့ပါတယ်။ သူမအနေနှင့် မသိတဲ့သူတွေကဖုန်းခေါ်ပြီး စော်ကားပြောဆိုမှုတွေ စာနှင့်ခြိမ်းခြောက်တာတွေခံစားရတဲ့အပြင် ဆိုရှယ်မီဒီယာမှာသူမရဲ့ပုံတွေကိုမဖွယ်မရာပြုလုပ်တာတွေတွေ့နေရကြောင်းပြောခဲ့တာဖြစ်ပါတယ်။

Kwonn Eunbi ရဲ့အေဂျင်စီကတော့ ဒီလိုပြောတဲ့သူတွေကိုသက်သေတွေစုဆောင်းပြီး တရားစွဲဖို့ကြိုးစားနေကြောင်းနှင့် ပရိတ်သတ်တွေအနေနှင့် ဒီလိုပို့စ်တွေတွေ့မိရင်ကုမ္မဏီ ကိုအသိပေးနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Source – Koreaboo
#Myanmarload #KwonEunbi #WaterBoom #Goddess