ထိုင်းနိုင်ငံရဲ့နာမည်ကြီးစုံတွဲတွေဖြစ်တဲ့ မင်းသား Jes နှင့် မင်းသမီး Vill တို့ဟာတွဲလာတာငါးနှစ်ကြာနေပြီဖြစ်တဲ့အပြင် ပရိတ်သတ်တွေသဘောကျလက်ခံထားကြတဲ့အတွဲလေးဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာကြားလူတစ်ယောက်ကြောင့် ပြတ်ဆဲလုနီးပါးဖြစ်နေတယ်လို့ပရိတ်သတ်တွေက ခန့်မှန်းနေကြပါတယ်။

အကြောင်းကတော့ မင်းသား Jes ဟာသူ့ချစ်သူဖြစ်တဲ့ Vill ရဲ့အင်စတာဂရမ်ပို့စ်တွေကို လုပ်တာတွေမရှိတဲ့အပြင် မင်းသမီး Vill ကလည်းသူတို့ဆက်ဆံရေးအဆင်မပြေနေကြောင်းကို သွယ်ဝိုက်ပြီးဖော်ပြတာနေတာကြောင့်ဖြစ်ပါတယ်။ Jes ဟာအခုလက်ရှိဇာတ်ကားအတူရိုက်ကူးနေတဲ့မင်းသမီးဖြစ်တဲ့ Prang နှင့် လိုတာထက်ပိုပြီးရင်းနှီးနေတဲ့အပြင် အဲ့မင်းသမီးရဲ့ အင်စတာဂရမ်ပို့စ်တွေအောက်မှာလည်း မှတ်ချက်တွေပေးလေ့ရှိပါတယ်။

ဒါ့ကြောင့်ပရိတ်သတ်တွေက ကိုယ့်ချစ်သူကိုတော့ဂရုမစိုက်ဘဲ တစ်ခြားမိန်းကလေးကိုသွားကြည့်နေတဲ့မင်းသားဆိုပြီး ပြောနေကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီးတော့ နှစ်ဖက်လုံးကတော့ တရားဝင်ပြောထားတာမရှိသေးပါဘူး။

Source – Thai News
#Myanmarload #Jes_Vill #Prang #Thai_Actors