မြန်မာပရိသတ်တွေနှင့် ထိုင်းပရိသတ်တွေ သဘောကျကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာရှပ်ရှင်ဇာတ်ကားကြီး "လိပ်ပြာစံအိမ်" ဟာ ယခုဆိုရင် ကမ္ဘာကျော် Streaming ပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ Netflix မှာ ပြသနေပြီလို့ သိရပါတယ်။


အင်္ဂလိပ်လို "The Only Mom" လို့ အမည်ပေးထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးခဲ့ကာ နိုင်နိုင်း၊ ဝတ်မှုန်ရွှေရည်၊ ဒေါင်း တို့အပါအဝင် ပြည့်ပြည့်၊ တုန်တုန် ကလေးသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နိုင်ငံခြားဝင်ငွေလည်းရရှိခဲ့တဲ့အပြင် အာရှဆုပေးပွဲတွေမှာလည်း ဆုတွေလည်း ရရှိခဲ့ပါတယ်။


Netflix မှာတော့ "လိပ်ပြာစံအိမ်" ဟာ ပထမဆုံးပြသခွင့်ရရှိခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒါပေမယ့် Netflix ရဲ့ ဒေသအလိုက်သာ ကြည့်ရှုနိုင်တဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းသာ ကြည့်လို့ရပါသေးတာဖြစ်လို့ မြန်မာနိုင်ငံမှာ ကြည့်လို့ရဖို့က အနည်းငယ်စောင့်ရဦးမယ်ထင်ပါတယ်။ မည်သို့ပင်စေကာမူ မြန်မာ့ရုပ်ရှင်ဇာတ်ကားကို International streaming တစ်ခုမှာ ပြသခွင့်ရတာကတော့ တကယ့်ကို ဂုဏ်ယူဝမ်းသာမိပါတယ်။





