BTS အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အပြင် တစ်မူထူးခြားတဲ့ Rap တွေနှင့် နာမည်ကြီးတဲ့ RM ဟာမကြာသေးခင်ကကြေကွဲစရာသတင်းတစ်ခုကိုထုတ်ပြောခဲ့တာဖြစ်ပါတယ်။ RM ဟာတိုက်ရိုက်ထုတ်လွှင့်မှုအတိုလေးလုပ်နေရင်း သူ့ရဲ့ခွေးလေး Monie သေဆုံးသွားတဲ့အကြောင်းကို ပရိတ်သတ်တွေဆီအသိပေးခဲ့တာဖြစ်ပါတယ်။

"အလုပ်တွေကြောင့် သူနှင့်အကြာကြီးမနေခဲ့ရပေမယ့် မွေးထားတာဆယ်နှစ်ဝန်းကျင်ရှိတာကြောင့် သူ့သေဆုံးမှုဟာငါတို့မိသားစုအပေါ်အများကြီးသက်ရောက်မှုရှိတယ် " ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ RM ရဲ့ခွေးလေး Monie ဟာ Army တွေရင်းနှီးနေတဲ့ခွေးလေးဖြစ်သလို ချစ်စရာကောင်းတဲ့အသွင်အပြင်လေးကြောင့် ပရိတ်သတ်တွေအများကြီးချစ်ရတဲ့ခွေးလေးလည်းဖြစ်ပါတယ်။


ခွေးလေးကိုဆုံးရှုံးသွားရတဲ့ RM နှင့် မိသားစုဝင်တွေအတွက်လည်း တစ်ကယ်စိတ်မကောင်းစရာဖြစ်ပါတယ်။ ခွေးလေး Monie လည်းကောင်းတဲ့နေရာတစ်ခုမှာပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ ။






