အစ်ကိုတွေရဲ့သည်းသည်းလှုပ်အချစ်ခံလေးဖြစ်နေတဲ့ BTS V

//s9.kh1.co/3f/3f21896243064feb33223d3fbbd526d2004bcd16.jpg
အနုပညာရှင်များ

 ၁၀-သြ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တစ်ကယ့်ကိုအချစ်ခံကောင်လေးဖြစ်နေတာ

BTS V ဟာ Wooga Squad လို့ခေါ်တဲ့ထိပ်တန်းနာမည်ကြီးမင်းသားနှင့်အဆိုတော်တွေပါဝင်တဲ့ သူငယ်ချင်းအဖွဲ့ထဲမှာအငယ်ဆုံးလေးဖြစ်ပါတယ်။ အဖွဲ့ထဲကအစ်ကိုကြီးတွေဟာ Vကိုဂရုတစိုက်အမြဲရှိကြသလို အများကြီးချစ်ပေးကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/e7/e7b7921537df75d05f339bf8d706b01950a38d57.jpg

မကြာသေးခင်ကပဲ Wooga အဖွဲ့ဝင် မင်းသား Park Seo Joon  ရဲ့ရုပ်ရှင်အသစ်ရုံတင်ဖွင့်ပွဲကိုကျင်းပခဲ့ပါတယ်။ တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်ဖို့အလုပ်ရှုပ်နေတဲ့ V ဟာအစ်ကိုဖြစ်သူရဲ့ရုပ်ရှင်ကို နောက်ထပ် Wooga အဖွဲ့ဝင်ဖြစ်တဲ့ မင်းသား Park Hyun Sik နှင့်အတူလာကြည့်ခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲအတွက်ဓာတ်ပုံရိုက်ပြီးသွားတဲ့နောက် နှစ်ယောက်သားဟာအတူတူရုပ်ရှင်ရုံထဲဝင်တဲ့နေရာမှာလည်း Hyun Sik ဟာ V ကိုဦးစားပေးဂရုစိုက်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=951,q=100/3e/3e3f10211b17e550b2abf63575ab0bfe41029752.jpg
https://s9.kh1.co/__image/w=650,h=872,q=100/1c/1c3effe5db042cffcc3e42b142e25248f76b2d71.jpg

ပြီးတော့ ရုံအတွင်းထိုင်ရမယ့်ခုံရှာတဲ့နေရာမှာလည်း Park Hyun Sik ဟာ V အတွက်အရင်ရှာပေးပြီး အဆင်ပြေမှသူပါထိုင်လိုက်တာဖြစ်ပါတယ်။ အစ်ကိုတွေရဲ့ ကလေးလေးကိုဂရုစိုက်သလိုမျိုးအချစ်ခံနေရတဲ့ V ကတော့တစ်ကယ်ကိုကံကောင်းတဲ့သူလေးပါပဲနော်။ 

https://s9.kh1.co/__image/w=510,h=680,q=100/93/93eeae55c67b0007388509af248868c411fd74ef.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T