ကိုယ်ပိုင်ကုမ္မဏီထောင်ထားကြောင်း ဝန်ခံလိုက်တဲ့ EXO အဖွဲ့ဝင် Baekhyun

//s9.kh1.co/f9/f96df09972c58685401e7f5976b857dd9cc9293a.jpg
အနုပညာရှင်များ

 ၀၉-သြ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အများကြီးသင်ယူပြီး အများကြီးအောင်မြင်လာပါစေနော်

EXO အဖွဲ့ဝင် Baekhyun ဟာ မကြာသေးခင်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ သူ့အနေနှင့်ကိုယ်ပိုင်ကုမ္မဏီထောင်ထားကြောင်းပြောခဲ့ပါတယ်။ ပြီးတော့ သူဟာမကြာသေးခင်ကမှအိမ်အသစ်ကိုပြောင်းရွှေ့တာနှင့် ပတ်သက်ပြီးလည်း အငြင်းပွားစရာကိစ္စတွေဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/98/984284a8cd9a141db0836fb5e93f5768556e52e2.webp

သူပြောင်းလိုက်တဲ့အိမ်ဟာ Big Planet Made ရဲ့နေအိမ်ဖြစ်တယ်ဆိုတဲ့အချက်အလက်တွေပေါ်ထွက်လာတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ့ကုမ္မဏီဟာ EXO အဖွဲ့ထဲက CBX ( Chen Baekhyun Ximuin) တို့  SM Entertainment ကနေထွက်ခွာအောင်ဖိအားပေးခဲ့တဲ့ ကုမ္မဏီဖြစ်တာကြောင့် ပရိတ်သတ်တွေက ဒီအကြောင်းအရာနှင့်ပတ်သက်ပြီးဝေဖန်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b2/b265a08307cc536aa8e557f3c72fa8524007bf0e.webp

Baekhyun ကိုယ်တိုင်ကတော့ Big Planet Made ကုမ္မဏီဟာမိတ်ဆွေအဆင့်သာဖြစ်ပြီး သူ့အနေနှင့်ကုမ္မဏီအသစ်ထောင်မယ့်ကိစ္စမှာလည်း SM နှင့်သဘောတူညီမှုရရှိပြီးကြောင်း ပရိတ်သတ်တွေနှင့် EXO အဖွဲ့ဝင်တွေထိခိုက်စေမယ့်အလုပ်တွေကိုလုပ်မှာမဟုတ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့်ရှင်းပြသွားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ အင်တာနက်ပေါ်မှာ Baekhyun ရဲ့အပြုအမူတွေနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေရှိနေဆဲပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1040,q=100/fe/fef7c3f7286c2dc3b6e01ebe3d11ec6ab8c5dadb.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T