တောင်ကိုးရီးယားရဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ လီမင်ဟိုဟာမကြာသေးခင်က ပွဲတစ်ခုကိုတက်လာတဲ့ပုံရိပ်တွေကြောင့် လူပြောများနေတာဖြစ်ပါတယ်။ လီမင်ဟိုဟာ အဖြူရောင်ဝတ်စုံပြည့်နှင့်ခန့်ညားနေပြီး ပရိတ်သတ်တွေကိုဖော်ဖော်ရွေရွေနှုတ်ဆက်နေခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ အရင်ကထက်ပိုသိသိသာသာဝဖြိုးလာတဲ့ ခန္တာကိုယ်နှင့်မျက်နှာ အချိုးအစားကြောင့်ပရိတ်သတ်တွေကအံသြသွားခဲ့ကြတာဖြစ်ပါတယ်။ လီမင်ဟိုဟာ သူ့ရဲ့ချောမောလွန်းတဲ့ရုပ်ရည်နှင့်သရုပ်ဆောင်အရည်အချင်းတွေကြောင့် အနုပညာလှုပ်ရှားမှုကိုသိပ်မလုပ်တာတောင် ထိပ်ဆုံးမင်းသားစာရင်းမှာအမြဲပါဝင်နေတဲ့သူဖြစ်ပါတယ်။


သူ့အနေနှင့်ဒီလိုသိသိသာသာဝိတ်တက်လာတာကို ပရိတ်သတ်တွေက " ပထမဆုံးလီမင်ဟိုဝိတ်တက်တာကိုမြင်ဖူးတာပဲ" "သူလည်းလူသားဖြစ်ကြောင်း သက်သေပြခဲ့ပါပြီ" "ကျန်းကျန်းမာမာနေနေပုံပဲ" အစရှိတဲ့မှတ်ချက်လေးတွေပေးခဲ့ကြပါတယ်။ ပရိတ်သတ်တွေကတော့ လီမင်ဟိုဝိတ်တက်လာတာကို မဝေဖန်ကြတဲ့အပြင် ချစ်စရာကောင်းတယ်လို့တွေးပြီးပျော်နေကြတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Allkpop





