သူမရဲ့ လှပတဲ့အသွင်အပြင်နဲ့ပတ်သတ်ပြီး အံ့ဩစရာလျှို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့တဲ့ Lisa..

//s9.kh1.co/12/127be60d723f5e94ba635f1fa2c88bc198d6c6ff.jpg
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဘာမှမလုပ်ဘဲ လှချင်နေပြီမလား..

‘W Korea’ က Lisa နဲ့ အင်တာဗျူးဗီဒီယိုတစ်ခုကို သူတို့ရဲ့တရားဝင် ‘YouTube Channel’ မှ တစ်ဆင့် ချပြပေးခဲ့ပါတယ်။ အဆိုပါအင်တာဗျူးမှာ Lisa က ပရိသတ်တွေအံ့ဩရလောက်အောင် မထင်မှတ်ထားတဲ့အရာတစ်ခုကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=376,h=470,q=100/1c/1c755551d30be5caed6d025a632f64e1e3351c26.jpg
https://s9.kh1.co/__image/w=376,h=470,q=100/bc/bc062d6805d14bba0a5ce62b45f13ac1d3b5fedb.jpg

Lisa ရဲ့ အသွင်အပြင်နှင့် ပြီးပြည့်စုံတဲ့ခန္ခာကိုယ်ကိုကြည့်ပြီး မိန်းကလေးပရိသတ်တွေအနေနဲ့ အတော်လေးအားကျနေကြမှာပါ။ ရှည်လျားသေးသွယ်ပြီး ဆွဲမက်စရာကောင်းလောက်အောင် လှပတဲ့ခန္ဓာကိုယ်ကြောင့် လေ့ကျင့်ခန်းတွေ မကြာခဏလုပ်နေလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါကြောင့်ပဲ အင်တာဗျူးမှာ လှပတဲ့ခန္ဓာကိုယ်ကိုရရှိဖို့ ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်ဖြစ်လဲဆိုတဲ့အကြောင်း W Korea ရဲ့ အင်တာဗျူးမှာ မေးမြန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=368,q=100/65/65a9696386937efecbaf0745658d10ed01a667e7.jpg
https://s9.kh1.co/__image/w=383,h=470,q=100/0a/0a2628365b7d124f012a1df7d4b86ae961719445.jpg

အဆိုပါမေးခွန်းအပေါ် Lisa ကတော့ ရိုးရိုးရှင်းရှင်းပဲ “မဟုတ်ဘူး..။ တစ်ကယ်တော့  အပတ်တိုင်းဖျော်ဖြေပွဲတွေရှိနေတဲ့အတွက် လေ့ကျင့်ခန်းမလုပ်ဖြစ်ပါဘူး” လို့ ပြန်ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ကျန်းမာရေးအတွက် Born Pink ဖျော်ဖြေပွဲတိုင်းမှာ ဗီတာမင်နှင့် ဂျင်ဆင်းနီကို မကြာခဏဆိုသလို သယ်ဆောင်သွားကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

https://s9.kh1.co/__image/w=376,h=470,q=100/cc/cc1e80e4f89c807ab8d3d57ee0d07c96426c1eeb.jpg

ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲ ဒီလောက်လှနေတာကတော့ အံ့ဩစရာကောင်းပြီး မိန်းကလေးတိုင်းလိုချင်နေကြမှာပါနော်..။

https://s9.kh1.co/__image/w=376,h=470,q=100/d2/d2d3f91054a4a35e4166f1bedcde9da4c623ec3f.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T