Jennie အကြိုက်ဆုံးဘာသာရပ်နှင့် အကြောက်ဆုံးဘာသာရပ်က ဘာတွေဖြစ်မလဲ..

//s9.kh1.co/ee/ee97191cd693ea48374a8a1bd8a7b06dd0cb3698.jpg
အနုပညာရှင်များ

 ၃၁-လိုင်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကျောင်းသူဘဝတုန်းက အမှတ်တရတွေပြောပြခဲ့တဲ့ Jennie..

ယခုလက်တလောမှာ BORN PINK Tour ကို ကမ္ဘာတစ်ဝှမ်းကျင်းပနေတဲ့ BLACKPINK အဖွဲ့ဝင် Jennie က သူမငယ်ငယ်ကကျောင်းသူဘဝမှာ အကြိုက်ဆုံးဘာသာရပ်နှင့် အကြောက်ဆုံးဘာသာရပ်တွေအကြောင်း ထုတ်ပြောခဲ့ပါတယ်။ Jennie ရဲ့ English အသံထွက်အရမ်းကောင်းနေတာကိုလည်း သတိပြုမိကြမှာပါ။ အကြောင်းကတော့ သူမ (၁၀) သားကတည်းက New Zealand မှာ ပြောင်းရွှေ့ပညာသင်ကြားခဲ့လို့ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/72/72873b426457e1db6686d60dd3b466a5d9d65b2b.jpg

အင်တာဗျူးတစ်ခုမှာ ကျောင်းစာတွေနဲ့ပတ်သတ်ပြီး Jennie က “အကြိုက်ဆုံးဘာသာရပ်ကတော့ သင်္ချာနှင့် သိပ္ပံပါ..။ ဖော်မြူလာတွေလေ့လာရတာနှင့် ဒေတာတွေထည့်သွင်းရတာကို အရမ်းသဘောကျပါတယ်။ အကြောက်ဆုံးဘာသာရပ်ကတော့ ဒုတိယဘာသာစကားလို့ပြောရမယ့် အင်္ဂလိပ်စာပါ။ ဒါပေမယ့် သင်္ချာဖော်မြူလာနှင့် သိပ္ပံဘာသာရပ်အတွက်လိုအပ်ချက်တွေကိုတော့ ကိုးရီးယားလိုမှတ်လို့ရပါတယ်..” လို့ ထုတ်ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=355,h=470,q=100/d4/d4e84f48bb2c8c8729c504e5cc0de24d307e1de2.jpg

အင်္ဂလိပ်စာလေ့လာရာမှာ သူငယ်ချင်းတွေဆိုက အကူအညီများစွာရခဲ့ကြောင်း ဝန်ခံခဲ့ပြီး အပြန်အလှန်အနေနဲ့ သူငယ်ချင်းတွေကို ကိုးရီးယားစာသင်ပေးခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ သင်္ချာနှင့် သိပ္ပံဘာသာရပ်တွေမှာ သင်ယူခဲ့တဲ့ပညာရပ်တွေကို နေ့စဥ်ဘဝမှာ အသုံးချနေကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=470,h=470,q=100/6a/6a2032e0db34928abb5fdc6e00329f0aa73f7494.jpg

Jennie တစ်ယောက် K-pop Idol သာမဖြစ်ခဲ့ရင် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်နေလောက်ပါပြီ..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T