EXO အဖွဲ့ဟာ ပွဲဦးထွက်လာတာကြာခဲ့ပြီဆိုပေမဲ့ အခုချိန်ထိအောင်မြင်နေသေးတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ LESSERAFIM Eunchae ရဲ့ အစီအစဥ်မှာ အဖွဲ့ဝင်တွေက သူတို့အချင်းချင်းကြားကဆက်ဆံရေးနှင့် ဒီလိုအဖွဲ့ဝင်တွေရေရှည်အတူတူနေနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Chanyeol က အဖွဲ့ဝင်တွေဟာ အလုပ်အတွက်တင်မဟုတ်ဘဲ အပြင်လက်တွေ့မှာပါ အချင်းချင်းရင်းနှီးတဲ့အပြင် အပြင်ကဘယ်သူထက်မဆိုပိုခင်မင်ကြကြောင်းပြောခဲ့ပါတယ်။ ပြီးတော့ ဒီလိုခင်မင်မှုကပဲ အဖွဲ့ကိုပိုပြီးကြာကြာတည်ရှိစေမယ့်အကြောင်းဖြစ်တယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ်။

ပြီးတာနှင့် Beakhyun က Idol အဖွဲ့ဝင်အနေနှင့် တစ်ခြားအိုင်ဒေါနှင့်ဆယ်လီသူငယ်ချင်းတွေများများရှိတာကလည်း မကောင်းကြောင်းအကြံပေးခဲ့ပါတယ်။ တစ်ခြားသူတွေနှင့် ခင်မယ့်အစားကိုယ့်အဖွဲ့ဝင်တွေနှင့်ပိုပြီးအချိန်ဖြုန်းပေးသင့်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ ပြီးတော့ EXO အဖွဲ့ဟာယောကျာ်းလေးတွေဖြစ်ပေမဲ့ အချင်းချင်းရန်ဖြစ်တာမျိုးတစ်ခါမှတောင်မရှိဖူးသေးကြောင်းပါပြောခဲ့တာဖြစ်ပါတယ်။


Source – Allkpop
#EXO #Eunchae #Chanyeol #Ximium #Beakhyun