ကိုးရီးယားရသစုံရှိုးများတွင် ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ BTS V ပါဝင်ထားတဲ့ Jinny's Kitchen

//s9.kh1.co/ec/ec2772bd6f1b3dde1ae96353adff3039f5f7dbac.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

V ရဲ့လွှမ်းမိုးနိုင်မှုတွေပေါ့........

Jinny's Kitchen ဟာ TVING ကနေပြီးထုတ်လွှင့်တဲ့ ကိုးရီးယားရသစုံရှိုးတစ်ခုဖြစ်ပါတယ်။ ရှိုး ရဲ့Season အသစ်မှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ပင်တိုင်အဖွဲ့ဝင်တွေအပြင် BTS Vပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e7/e7514dcf6c557c6350b3e24fcd1235646f577d8b.jpg

ဒီရှိုးမှာဆိုရင် ပါဝင်သူတွေဟာ နိုင်ငံခြားတစ်နေရာရာကိုသွားပြီးတောင်ကိုးရီးယားအစားအစာတွေကိုရောင်းချမိတ်ဆက်ပေးရတာပဲဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ အရင်အပိုင်းတွေလည်းအများကြီးလွှင့်ဖူးပြီး နာမည်ကြီနေပြီးသားအစီအစဥ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/3c/3cefd355f1df560859ae3e503db0b81f1a93a812.jpg
https://s9.kh1.co/__image/w=330,h=330,q=100/99/99eae9ada02bbfdb86d4749b0278c4429d17a9c4.jpg

ဒါပေမဲ့ အစီအစဥ်ကိုရိုက်ကူးခဲ့တဲ့ PD ဖြစ်သူက V ရဲ့ပါဝင်မှုဟာအစီအစဥ်ကိုအများကြီးပိုကောင်းလာစေခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ပင်တိုင်ပါဝင်သူဖြစ်တဲ့ မင်းသားပတ်ဆိုဂျွန်းကလည်း V ပါလာတာဟာ ရိုက်ကူးရေးတောက်လျှောက်ပျော်စရာဖြစ်စေတဲ့အပြင် ကိုးရီးယားတင်မကဘဲ တစ်ကမ္ဘာလုံးကကြည့်ရှုသူတွေကိုပိုပြီးစိတ်ကျေနပ်စေနိုင်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအစီအစဥ်ဟာ TVING ရဲ့နာမည်ကြီးတွေဖြစ်တဲ့ You Quiz on the Blocks နှင့်  Earth Arcade တွေကိုကျော်တက်ပြီးပထမနေရာကိုရခဲ့တာလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=368,q=100/61/61a5538263ec25d7cd1013389139dada6ae0d79d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a4/a4293e80ec8d9b21dbf8f47e98d1895ba3c3a11b.jpg

သတင်း အရင်းအမြစ် Allkpop

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T