ကောလဟာလတွေအရ ဇာတ်လမ်းတွဲအသစ်မှာ ပြန်လည်မြင်တွေ့ရနိုင်တဲ့ Jisoo နှင့် Jung Hae In..

//s9.kh1.co/57/570e9a8a66e68eac9fbf14781b35f2182e03879a.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

တစ်ကယ်သာဆို အရမ်းကောင်းပါတယ်..

“Snowdrop” ဟာ Blackpink-Jisoo ရဲ့ သရုပ်ဆောင်မှုပိုင်းအတွက် အဓိကကျတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ Jung Hae In နဲ့ အချိတ်အဆက်မိမိနဲ့ အရမ်းလိုက်ဖက်တာကြောင့် အင်တာနက်အသုံးပြုသူတွေကြားမှာ အတော်လေးရေပန်းစားခဲ့ပြီး နောက်ထပ်ဇာတ်လမ်းတွဲတွေ အတူရိုက်ကူးဖို့တောင် တိုက်တွန်းခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=328,h=470,q=100/8f/8f2cb19dc0f6058452f6074e0005ad6e53126cdc.jpg

ကောလဟာလတွေအရ Jisoo ဟာ ပရောဂျက်အသစ်တစ်ခုမှာ ပါဝင်ဖို့ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပရောဂျက်မှာ Jung Hae In နဲ့ ပြန်လည်ရိုက်ကူးမယ်လည်း ဖော်ပြထားကြပါတယ်။ Jisoo ရဲ့ ချစ်စဖွယ်သရုပ်ဆောင်မှုကို ပြန်လည်မြင်တွေ့ရမယ်ဆိုပေမယ့် ကောလဟာလအဆင့်သာရှိနေပါသေးတယ်။ Jung Hae In နဲ့ ရိုက်ကူးမယ့်ပရောဂျက်ကို ပရိသတ်တွေနှစ်သက်နေပေမယ့် အချို့ပရိသတ်တွေကတော့ အခြားနာမည်ကြီးသရုပ်ဆောင်တွေနဲ့တွဲရိုက်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ Jung Hae In နဲ့ တွဲရိုက်တာ Jisoo အတွက် အကျိုးမရှိဘူးလို့လည်း သုံးသပ်ဖော်ပြထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=761,q=100/2e/2ec8cdc1a293e474fdfe98f3558a3988798cf700.jpg
https://s9.kh1.co/__image/w=650,h=366,q=100/11/119eda6b96d4c05780f85fd426ac50affd815e76.jpg

ပရိသတ်တွေကတော့ ယခုကောလဟာလကို အတည်ပြုပေးနိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ Jisoo ရဲ့ ဇာတ်လမ်းတွဲအသစ်ကို ကြည့်ရဖို့ အရမ်းမျှော်နေကြပါပြီ။ အေဂျင်စီဖက်ကတော့ အဆိုပါကောလဟာလနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး..။

https://s9.kh1.co/__image/w=650,h=481,q=100/b6/b63412af00ab6515ede3f26fff7d1d649f154875.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T