SBS ဟာ မကြာခင်မှာ နာမည်ကြီး Survival Show တစ်ခုဖြစ်တဲ့ Universe Tickets ကိုကျင်းပပြီး အနိုင်ရတဲ့သူတွေကို K Pop Idol အဖြစ်ပွဲဦးထွက်ခွင့်ပေးမှာဖြစ်ပါတယ်။ အစီအစဥ်မှာ ကိုးရီးယားတင်မကဘဲ နိုင်ငံစုံကလူမျိုးပေါင်းစုံပါဝင်နေတာဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ဒီအစီအစဥ်မှာ မြန်မာနိုင်ငံက မွန်-တရုတ် ကပြားမလေးဖြစ်တဲ့သူပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ နန်းဧကရီရွှေလို့ခေါ်တဲ့ ကောင်မလေးဟာ Riel ဆိုတဲ့ စတိတ်နာမည်နှင့် ဒီအစီအစဥ်မှာပါဝင်သွားမှာဖြစ်ပါတယ်။ Riel ဟာ မြန်မာနိုင်ငံမှာကတည်းက ရုပ်ရည်ကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ The Whole Queen ရဖူးတဲ့ကောင်မလေးလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ My Roomate is a Gumiho ဆိုတဲ့ဇာတ်ကားမှာလည်း ဇာတ်ပို့နေရာကနေပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Survival Show တွေရဲ့ထုံးစံအတိုင်း အိုင်ဒေါဖြစ်လာဖို့ဆို Voting တွေကအရေးကြီးတာကြောင့် မြန်မာမလေး ကို အောင်မြင်တဲ့ Idol ဖြစ်လာစေဖို့ ကြိုးစားပြီး အားပေးကြမယ်နော်။❤️😍

Source – Soompi
#Myanmarload #NanAkariShwe #Riel #SBSUniversalTickets #SurvivalShow