BLACKPINK-Lisa ဟာ ‘Celine’ လက်ဝတ်ရတနာတွေနဲ့အတူ အမိုက်စားဖက်ရှင်၊ ဆွဲဆောင်မှုရှိတဲ့အလှနဲ့ ‘W Korea’ ရဲ့ ဩဂုတ်လအတွက်ထုတ်ဝေမယ့် မဂ္ဂဇင်းမျက်နှာဖုံး ‘star’ အဖြစ် ပါဝင်လာပါတယ်။

မျက်နှာဖုံးမှာ အချိန်တိုင်းအတွက်အကောင်းဆုံးဆိုတဲ့ စာသားတွေနဲ့အတူ Lisa ရဲ့ ယုံကြည်မှု၊ လှပတဲ့အသွင်အပြင်နှင့် စူးရှတဲ့အကြည့်တွေကို ထူးခြားတဲ့အနုပညာခံစားချက်နဲ့အတူ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Lisa ရဲ့ ကာဗာပုံနှင့် အင်တာဗျူးအပြည့်အစုံကို ဩဂုတ်လထုတ် ‘W Korea’ မဂ္ဂဇင်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

မျက်နှာဖုံးပုံအချို့ကိုကြည့်လို့ရပေမယ့် အင်တာဗျူးမှာ ဘာတွေပြောသွားမလဲဆိုတာကိုတော့ ရင်ခုန်စွာဆက်စောင့်ရဦးမှာပါ။
