BTS V နဲ့ ချိန်းတွေ့နေကြောင်းကို အရိပ်အမြွက်တွေနဲ့ ပြသခဲ့တဲ့ Jennie

//s9.kh1.co/83/83048eff7975430dd0fa8a637e7ce07b5f1a2ff8.jpg
အနုပညာရှင်များ

 ၁၃-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဇူလိုင်လ 12 ရက်နေ့က BLACKPINK Jennie က ...

ဇူလိုင်လ 12 ရက်နေ့က BLACKPINK Jennie က "ရက်သတ္တပတ်အနည်းငယ်ကြာခဲ့ပြီ" ဆိုတဲ့ Caption လေးနဲ့ အတူ သူ့ရဲ့ Instagram မှာ ပုံလေးတွေ တင်ထားပါတယ်.. Jennie က ငါးဥပန်းကန်လေးနဲ့ ပန်ကိတ်ပန်းကန်ပါတဲ့ ညစာစားပွဲ ပုံလေးကို ရိုက်ပြီးတင်ထားတာပါ..

https://s9.kh1.co/__image/w=650,h=650,q=100/34/34fa8cdb5016fed2571098f6b9c75d272d1234c8.jpg

BTS V ရဲ့ Instagram မှာ တင်ခဲ့တဲ့ စားသောက်ဆိုင်တစ်ဆိုင်က ညစာစားတဲ့ ပုံမှာလဲ Jennie တင်ထားတဲ့ ပုံနဲ့ တူနေကြာင်း ပရိသတ်တွေက ရှာဖွေတွေ့ခဲ့ကြပါတယ်.. ဒီအချက်တွေကြောင့် သူတို့နှစ်ယောက်တွဲနေတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ..

https://s9.kh1.co/__image/w=650,h=716,q=100/5b/5b6c04933286f36f712b522f5e46ea4aa9cbc185.jpg

အစားအသောက်တူနေတဲ့အပြင် စားပွဲပေါ်မှာ ဟင်းပွဲနေရာချထားမှုတွေကအစ တစ်ထပ်တည်းဖြစ်နေတာကြောင့် Jennie က အဲ့နေ့ညက ညစာကို V နဲ့ သူ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တူတူရှိနေတာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်..

https://s9.kh1.co/__image/w=650,h=918,q=100/36/363ef71e1105b2c9aa9a722413e59a9d9ba48983.jpg

ဒါ့အပြင် Jennie မေလတုန်းက Paris မှာ ဒိတ်နေကြတဲ့ Video ထွက်လာတုန်းက video ထဲမှာ ကောင်မလေး ဝတ်ထားတဲ့ အင်္ကျီအတိုင်း Jennie က တစ်ထေရာတည်းဝတ်ထားပြီး အဲ့ပုံကို ဓာတ်ပုံရိုက်ကာ သူ့ Instagram မှာ တင်ခဲ့ပါသေးတယ် .. ဒီပို့စ်ကြောင့် Jennie ဟာ V နဲ့တွဲနေတယ်လို့ အင်တာနက်အသုံးပြုသူအချို့က ဝေဖန်နေကြပါတယ်..

https://s9.kh1.co/__image/w=620,h=388,q=100/98/98413ade6680a1031fb4651463a966acd451db28.jpg
https://s9.kh1.co/__image/w=650,h=392,q=100/5a/5a5d4bdf23b32d8a5f84fd155dac59f4e0ca9d5f.jpg

မေလအစောပိုင်းတုန်းကလဲ V နဲ့ Jennie တို့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က လမ်းတွေပေါ်မှာ လက်တွဲပြီး လမ်းလျှောက်နေတာကို တွေ့ခဲ့ရပြီး မနှစ်က သူတို့ရဲ့ ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေထွက်ခဲ့ပါသေးတယ်.. V နဲ့ Jennie ရဲ့ အေဂျင်စီတွေဖြစ်ကြတဲ့ Big Hit Music နဲ့ YG Entertainment တွေက သူတို့နှစ်ယောက်လုံးရဲ့ Dating new တွေကို အတည်ပြုခြင်းလဲ မရှိသလို ငြင်းဆိုခြင်းလဲ မရှိပါသေးဘူး..

https://s9.kh1.co/__image/w=650,h=813,q=100/74/74902efc6436ba26156b913e8ef95851c5f0ae6c.jpg
https://s9.kh1.co/__image/w=650,h=813,q=100/fc/fc6b4db4655c7b9d02ed2a866b0a17511e22aa63.jpg

Source - KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T