ပရိသတ်တွေ ချစ်စနိုးနဲ့ JJ လို့ ခေါ်ရတဲ့ ထိုင်းမင်းသား James Jirayu ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်သလို အနုပညာပိုင်းမှာလဲ အောင်မြင်တဲ့ မင်းသားချော တစ်ယောက်လဲ ဖြစ်ပါတယ်.. သူကတော့ အနုပညာလောကထဲက မဟုတ်တဲ့ ကောင်မလေးနဲ့ တွဲနေတာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၄) နှစ်ကျော် ရှိပြီပဲ ဖြစ်ပါတယ်..

နှစ်ယောက်လုံးရဲ့ ရွှေလက်တွဲမယ့်အချိန်ကို ပရိသတ်တွေက စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်.. မကြာသေးမီက JJ က ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ “သူဟာ ကောင်မလေး သုံး လေးယောက်နဲ့ တစ်ပြိုင်တည်းတွဲဖူးခဲ့တဲ့ ယောကျာ်းလေးတစ်ဦးဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ပါတယ်..

JJ နဲ့ တွေ့ဆုံမေးမြန်းချိန်မှာတော့ “ အနုပညာလောကထဲကို မဝင်ခင်က ကျွန်တော်က ကောင်မလေးတော်တော်များများနဲ့ ရှုပ်ခဲ့တဲ့ထဲမှာပါတယ်… ကောင်မလေး သုံး လေး ယောက် ကို တစ်ချိန်တည်းတွဲပြီး မက်ဆေ့ချ်တွေကိုလဲ ဆင်တူပို့တယ်.. မက်ဆေ့ခ်ျတစ်စောင်တည်းကို ပြိုင်တူပို့တာပေါ့.. ဒါပေမယ့် အသက်ကြီးလာတော့ ဒီလိုတွေ လုပ်နေတာက မကောင်းဘူး လို့သိလိုက်ရတဲ့ အချိန်မှာ ရပ်ပလိုက်တာပေါ့.. အခုကတော့ ကျွန်တော့်ချစ်သူ Foam နဲ့ တွေ့ဆုံပြီး သူတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ အခုဆိုရင် (၄) နှစ် ကျော် ရှိပြီလို့ ဆိုပါတယ်..


Source - Popular.kh





