2023 ရဲ့ Music Show Win အများဆုံးတစ်ကိုယ်တော်အဆိုတော်ဖြစ်လာတဲ့ BlackPink Jisoo

//s9.kh1.co/b2/b2d5e465898cf084fee40eae68dff61e378306b7.jpg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

တစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ်ကလည်း အောင်မြင်မှုတွေအများကြီးရနေတာ

Jisoo ဟာ Flower ဆိုတဲ့သီချင်းနှင့်သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်ပွဲဦးထွက်ကို အောင်အောင်မြင်မြင်စတင်ခဲ့ပါတယ်။ Flower ဟာထွက်ရှိပြီးနောက်ပိုင်း အင်တာနက်ပေါ်မှာ ဆက်တိုက် ရေပန်းအစားဆုံးသီချင်းဖြစ်ခဲ့သလို Music Show တွေမှာလည်းတစ်ခြားအိုင်ဒေါအဖွဲ့တွေကိုကျော်ပြီး ပထမရနိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=500,q=100/37/3756d3af74f01744ff71d323b607baf7a43b1934.jpg

အခုဆိုရင် Jisoo ရဲ့ Flower သီချင်းဟာ Music Show Win ပေါင်း (9) ခုအထိရှိလာပြီးတော့ 2023 အတွက် Win အများဆုံးတစ်ကိုယ်တော်အဆိုတော်ဖြစ်လာပြီပဲဖြစ်ပါတယ်။ Jisoo ဟာသူ့ရဲ့အင်စတာဂရမ်ကနေပြီး ဒီမှတ်တမ်းတွေအတွက် Blinks တွေကိုကျေးဇူးတင်ကြောင်း ပို့စ်တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=589,h=1039,q=100/2e/2e940d48b3c842aba6d0be2703254a76c5201906.png

လက်ရှိမှာတော့ BlackPink အဖွဲ့ဟာဖျော်ဖြေပွဲတွေဆက်တိုက်လုပ်နေတာဖြစ်ပြီး မကြာခင်မှာ Comeback Album အသစ်ထွက်လာနိုင်ခြေလည်းရှိပါတယ်။ Jisoo ဟာလက်ရှိအချိန်မှာ Show Champion နှင့် Inkigayo မှာ Triple Win တွေရထားတာဖြစ်ပြီး နောက်အပတ်တွေမှာလည်းဆုရနိုင်ခြေရှိသေးတာကြောင့် စံချိန်အသစ်တွေတင်နေအုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။

https://s9.kh1.co/__image/w=400,h=400,q=100/a3/a3e360b11007b6d5bd3900fe0221e69a6a63da7d.jpg
https://s9.kh1.co/__image/w=650,h=975,q=100/a7/a741dd1d82224c06446e0bdf6250d212169760e7.webp

Source – Kbizoom

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T