ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ ဟယ်ရီပေါ်တာရုပ်ရှင်ကားထဲက မင်းသား Daniel Radcliffe ဟာ သူ့ရဲ့ပထမဆုံးရင်ကလေးကို ပြီးခဲ့တဲ့ နွေဦးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဟယ်ရီပေါ်တာမင်းသားဟာ သူ့ရဲ့ရည်းစားဖြစ်သူ အသက် ၃၈ နှစ်အရွယ် Erin Darke နဲ့ ပထမဆုံးရင်သွေးကို ရရှိခဲ့တာဖြစ်ပြီး အဖေတစ်ယောက်ဖြစ်ရတာ အရမ်းကျေနပ်စရာကောင်းတဲ့အကြောင်း အင်တာဗျူးမှာထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Radcliffe က “ဒါကအရမ်းကောင်းပါတယ်။ ရူးလောက်စရာပါပဲ။ Erin ကလည်း အရမ်းအံ့အဩစရာကောင်းပြီး ထူးခြားပါတယ်။ သူနဲ့အတူရှိရတာ အရမ်းကျေနပ်ဖို့ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် “တစ်ခြားသူတွေမရနိုင်လောက်တဲ့ အားလပ်ချိန်တွေကို ငါအမြဲချန်ထားလေ့ရှိပါတယ်။ ချစ်စရာကောင်းတဲ့သားလေးအနားမှာ အချိန်များများနေနိုင်ဖို့အတွက် ဒီလိုလုပ်ရတာပါ” လို့ သားလေးကိုအရမ်းချစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။
