ထိုင်းမင်းသားချော James Jirayu ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လောက်အောင်ကိုချောမောလှပတဲ့ သူလေးလည်းဖြစ်ပါတယ်..သူ့ကို ချစ်တဲ့သူတွေကတော့ ချစ်စနိုးနဲ့ JJ လို့ ခေါ်ကြပါတယ်.. JJ က အချစ်ရေးနဲ့ ပတ်သက်ရင်လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူလည်းဖြစ်ပါတယ်..

လက်ရှိမှာ JJ က အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာကြောင့် ပရိသတ်တွေက အလွမ်းသယ်နေကြတာပါ.. လတ်တလောမှာတော့ JJ က ထိုင်းနိုင်ငံရဲ့ဘုရားတစ်ခုမှာ မိဘကျေးဇူးဆပ်တဲ့ အနေနဲ့ဘုန်းကြီးဝတ်နေတာပဲ ဖြစ်ပါတယ်..


JJ ရဲ့ ပွဲအခမ်းအနားကို နာမည်ကြီး လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Taew Natapohn၊ To ey Jarinporn၊Great Warintorn၊ Boy Pakorn နဲ့ JJ ကောင်မလေးလဲ တက်ရောက်ခဲ့တယ်လို့ သိရပါယ်...


