One Direction အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့ Zayn Malik ဟာ သီချင်းကောင်းတွေကို ပရိသတ်တွေရင်ထဲစွဲသွားအောင် ချိုသာတဲ့အသံတွေနဲ့ အမြဲတင်ဆက်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ One Direction အဖွဲ့နဲ့အတူ တစ်ကမ္ဘာလုံးကို ထိုးဖောက်အောင်မြင်ခဲ့သလို အဖွဲ့ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားချိန်မှာလည်း တစ်ကိုယ်တော်သီချင်းတွေနဲ့ ပရိသတ်ရင်ထိထိအောင် အမြဲဖျော်ဖြေလျက်ရှိပါတယ်။

မကြာသေးခင်ကပဲ Zayn Malik ဟာ ရုတ်တရက်ဆိုသလို သူရဲ့ Instagram post တွေကို တစ်ခုမကျန်ဖျက်ပစ်ခဲ့ပါတယ်။ ဖျက်ပစ်လိုက်ရတဲ့ အကြောင်းအရင်းကိုမသိရပေမယ့် Post အသစ်တစ်ခုတက်လာတာကိုတော့ တွေ့နိုင်ပါတယ်။ အဆိုပါ Post မှာ Video အတိုလေးတစ်ပုဒ်ကိုတင်ထားပြီး သီချင်းအသစ်အတွက် ပရိသတ်တွေကို အသိပေးနေတာဖြစ်ပါတယ်။

ဘယ်လိုအမိုက်စားသီချင်းတွေနဲ့ တင်ဆက်ပေးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်..။ ထွက်ခဲ့သမျှသီချင်းတွေအားလုံးက အကောင်းဆုံးတွေပဲမို့ ဒီတစ်ခေါက်လည်း ပရိသတ်တွေအကြိုက်တွေ့မယ့်သီချင်းဖြစ်လာမှာတော့ အသေအချာပါပဲ..။






