Jungkook ဟာ အာရှအနုပညာရှင်တစ်ယောက်အဖြစ် ကမ္ဘာ့ဖလားသမိုင်းမှာ စံချိန်သစ်တစ်ခုကို ဂုဏ်ယူဖွယ်စိုက်ထူထားနိုင်ခဲ့ပါပြီ။ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားရဲ့ official songtrack တစ်ခုဖြစ်တဲ့ Jungkook ရဲ့ Dreamers ဟာ ထွက်ရှိပြီး ရက်ပေါင်း ၂၁၇ အတွင်း Spotify မှာ 300 M Streams ပြည့်သွားခဲ့ပြီး စံချိန်ကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

အဆိုပါစံချိန်ဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကောင်းဆုံးသီချင်းတစ်ပုဒ်အဖြစ်မှတ်ယူထားကြတဲ့ Shakira ရဲ့ Waka Waka သီချင်းကိုကျော်လွန်ပြီး 300 M Streams အမြန်ဆုံးပြည့်တဲ့ World Cup song တစ်ခု ဖြစ်လာခဲ့ပါတယ်။

Spotity မှာ 300 M Streams အမြန်ဆုံးပြည့်တဲ့ ကမ္ဘာ့ဖလားသီချင်းများ..
#1 Dreamers (Jungkook) – 217 days
#2 Waka Waka (Shakira) – 10 years

Congratulations Jungkook..





