အိုင်ဒေါအဖွဲ့ဝင်တစ်ချို့ဟာ သူတို့ရဲ့နဂိုအလုပ်ဖြစ်တဲ့ အိုင်ဒေါအဆိုတော်အဖြစ်အပြင် သရုပ်ဆောင်နှင့် ရသစုံရှိုးတွေမှာပါ ထူးချွန်ကြတာဖြစ်ပါတယ်။ နှစ်ကြိမ်မြောက်ကျင်းပတာဖြစ်တဲ့ Blue Dragon Award ဆုပေးပွဲကြီးမှာ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေနှင့်အပြိုင် ဆန်ကာတင်စာရင်းမှာပါဝင်လာတဲ့ အိုင်ဒေါတွေအများကြီးရှိနေပါတယ်။


EXO အဖွဲ့ဝင် D.O ဟာ Bad Prosecuter ဇာတ်ကားနှင့် Best Actor ဆုကိုနာမည်ကြီးမင်းသားတွေနှင့်အပြိုင် ဆန်ကာတင်ဆုဝင်ထားတာဖြစ်ပါတယ်။ Astro အဖွဲ့ဝင် Cha Eun Woo ဟာလည်း Island ဇာတ်ကားနှင့် Best Rookie Actor ဆုကိုရဖို့စာရင်းမှာပါဝင်လာတာဖြစ်ပါတယ်။ Girl Generation အဖွဲ့ဝင် Yuri က The Zone 1 နှင့် Best Female Entertainer နေရာ၊ Got7 အဖွဲ့ဝင် Bam Bam က Exchange 2 နှင့် Best Male Rookie Entertainer နေရာတွေမှာ အသီးသီးဆန်ကာတင်ပါဝင်လာကြတာဖြစ်ပါတယ်။

ဒီဆုပေးပွဲဟာ Streaming Platforms တွေမှာပြသတဲ့ဇာတ်ကားတွေအတွက် ကျင်းပတဲ့ဆုပေးပွဲဖြစ်ပြီး ၂၀၂၂ ရဲ့ ဇာတ်လမ်းတွေထဲကအကောင်းဆုံးတွေကိုရွေးချယ်ဆုပေးမှာဖြစ်ပါတယ်။ The Glory ၊ Anna ၊ Casino စတဲ့နာမည်ကြီးဇာတ်လမ်းတွေအများကြီးပါနေတဲ့အပြင် The Zone၊ Love Alarm၊ Exchange 2 စတဲ့နာမည်ကြီးရသစုံရှိုးတွေလည်းအများကြီးပါနေတာဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ ၂၀၂၃ ဇူလိုင်လ (၁၉) ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။


Source – Soompi





