ဟန်နီးမွန်းခရီးကို ရှယ်ပလန်တွေနဲ့ထွက်ပြီး ပျော်ပါးနေကြတဲ့ Se7en နဲ့ Lee Da Hae တို့ ဇနီးမောင်နှံ

//s9.kh1.co/08/0834bad2c1e6413cbf4515a0d95c04ce8539f909.jpg
အနုပညာရှင်များ

 ၂၆-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

Unnie တို့က အသက် ၄၀ နားမှ ယောကျ်ားယူပြီး ကမ္ဘာအနှံ့ပတ်နေတာ .. ဆွစ်ဇာလန်၊ စပိန်၊ ပြင်သစ်၊ ဒူဘိုင်းနဲ့ မော်လ်ဒိုက်တွေမှာ ..

ဇွန်လ 24 ရက်နေ့မှာတော့ Lee Da Hae က သူ့ရဲ့ Instagram မှာ ဓာတ်ပုံအများအပြားတင်ခဲ့ပြီး “မော်လ်ဒိုက်က ပျင်းစရာကောင်းတဲ့ အပန်းဖြေစခန်းလို့ ဘယ်သူပြောတာလဲ..  မော်လ်ဒိုက်မှာရှိတဲ့ Spa တွေ Snorkeling တွေ Yoga နဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အများကြီးကို နေ့တိုင်းလုပ်လို့ရတာမို့ အားတဲ့အချိန်တောင် မရှိဘူး” ဆိုတဲ့ စာသားလေးနဲ့ ရေးပြီး တင်ခဲ့ပါတယ်.. 

https://s9.kh1.co/__image/w=650,h=392,q=100/15/152f0b744947c3865ad1dc0f97f643165a09bf92.jpg

Se7en နဲ့ Lee Da Hae တို့က လှပတဲ့ကျွန်းတွေကို နောက်ခံထားပြီး သူတို့ရဲ့အားလပ်ချိန်တွေကို ကြည်နူးစွာ ကုန်ဆုံးနေပြီး သာယာပျော်ရွှင်နေကြပါတယ်.. စိမ်းမြမြ ပင်လယ်နဲ့ ကောင်းကင်ပြာအောက်က မော်ဒိုက်အလှတရားက ရင်သပ်ရှု့မောဖွယ်ကောင်းလှပါတယ်.. 

https://s9.kh1.co/__image/w=376,h=470,q=100/48/482bc48705d9e1862c9fc547fe12a6915d008ca5.jpg

Se7en နဲ့ Lee Da Hae တို့က ပြီးခဲ့သည့်လက ဆွစ်ဇာလန်နိုင်ငံကနေ စတင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှာ ဇိမ်ကျကျ နဲ့ ဟန်းနီးမွန်းထွက်ခဲ့ကြပါတယ်.. ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ မြို့တော်တော်များများကို ခရီးတွေ ထွက်ပြီးနောက် သူတို့စုံတွဲက စပိန်၊ ဘာစီလိုနာမှာ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရှုခဲ့ကြပြီး ပြင်သစ်အပါအဝင် ဥရောပရှိ မြို့အသီးသီးကို သွားခဲ့ကြပါတယ်.. အဲ့နောက်မှာတော့ ဒူဘိုင်းသို့ ခရီးဆက်ခဲ့ကြပါတယ်.. 

https://s9.kh1.co/__image/w=592,h=470,q=100/e1/e192af09c7a04e1bd3e8a2e4a2af17fd15397ed1.jpg
https://s9.kh1.co/__image/w=376,h=470,q=100/3c/3c1bdfd7b436fce026874e20d6dc50628ca6ba0f.jpg

ဒူဘိုင်းရဲ့ နာမည်ကြီး ဇိမ်ခံဟိုတယ်ဖြစ်တဲ့ Burj Al Arab မှာ တည်းခိုခဲ့ကြပါတယ်.. အဲ့နောက်မှာတော့ လူတိုင်းဟန်းနီးမွန်းထွက်လေ့ရှိကြတဲ့ နေရာဖြစ်တဲ့ Maldives ကို သွားခဲ့ကြပါတယ်.. 

https://s9.kh1.co/__image/w=376,h=470,q=100/04/04f24dc68d19ff160a474c01712ae1ed9cdef670.jpg

မော်လ်ဒိုက်မှာ Lee Da Hae နဲ့ Se7en တို့က ဇိမ်ကျကျ သီးသန့် ဗီလာတစ်ခုမှာ အပန်းဖြေအနားယူနေကြတဲ့ ပုံလေးတွေ မျှဝေခဲ့ပါတယ်.. Netizens တွေက "သူတို့ရဲ့ ဟန်းနီးမွန်းခရီးက ကမ္ဘာတဝှမ်းကို ခရီးထွက်ရသလို ခံစားရတယ်" "ဓာတ်ပုံတွေတင်တိုင်း မနာလိုဖြစ်ရတယ်" "ဒီဟန်းနီးမွန်းက ဘယ်တော့မှ မပြီးဆုံးနိုင်ဘူးလို့" Comment တွေရေးခဲ့ကြပါတယ်.. 

https://s9.kh1.co/__image/w=376,h=470,q=100/10/109837f1908f95f015a366813006696c16f56e20.jpg

Se7en နဲ့ Lee Da Hae တို့ဟာ ၈ နှစ်ကြာ တွဲခဲ့ကြပြီးနောက် မေလ ၆ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး နှစ်ယောက်လုံးကို ပရိသတ်တွေရော အနုပညာရှင်အသီးသီးကပါ ဝိုင်းဂုဏ်ပြုပေးခဲ့ကြပါတယ်.. 

https://s9.kh1.co/__image/w=650,h=379,q=100/c1/c13de041aa2dd07c010492d609f71ec3831f90b6.png

သတင်း အရင်းအမြစ် KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T