BTS-Suga ဟာ မကြာသေးခင်က VOGUE Japan ရဲ့ မျက်နှာဖုံးမှာ သူ့ရဲ့ (၂၄) နှစ်တာသမိုင်းတစ်လျှောက် ပထမဆုံးတစ်ကိုယ်တော်အမျိုးသားအဖြစ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်ခဲ့ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးမှာ Suga က BTS အဖွဲ့ဝင်အဖြစ် ဖျော်ဖြေခဲ့တဲ့ (၁၀) နှစ်တာကာလအတွင်း ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲနှင့် အနာဂတ်ရည်မှန်းချက်တွေကို ပြောပြပြီး တက်သစ်စ Idol လေးတွေကို အားပေးခဲ့ပါတယ်။

Suga က “ငါပွဲဦးထွက်မတိုင်ခင်ကတည်းက အနုပညာရှင်တစ်ယောက်အနေနဲ့ ဂီတဖန်တီးမှုတွေပြုလုပ်ခဲ့ပေမယ့် ဘယ်သူမှနားမထောင်တဲ့ အမည်မဲ့အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုဆို ပရိသတ်တွေနဲ့တွေ့ဆုံခွင့်ရတဲ့အပြင် ငါ့သီခငျ်းကိုနားထောင်တဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါပြီ။ ဒီ့အတွက် ပရိသတ်တွေကို အမြဲကျေးဇူးတင်ပါတယ်။ အားလုံးအဆင်ပြေသွားမှာပါ။ အဆိုးဆုံးလို့ ခံစားရတဲ့အချိန်မျိုးရှိလာလမ့်မယ်။ ငါလည်း အဲ့လိုအချိန်တွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့လိုအချိန်တွေက အမှတ်တရတွေအဖြစ်ရှိနေမှာဖြစ်ပြီး အဲ့အမှတ်တရတွေကတစ်ဆင့် ပြန်သင်ယူလို့ရပါတယ်။ အဆုံးသတ်မှာ အားလုံးကအဆင်ပြေသွားမှာပါ” လို့ Junior Idol လေးတွေကို အားပေးစကားပြောခဲ့ပါတယ်။


Junior တွေအတွက် အားပေးစကားပြောတာ Suga အတွက် ဒီတစ်ကြိမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ D-day အဲလ်ဘမ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Snooze” မှာလည်း သီချင်းစာသားတွေကတစ်ဆင့် လူငယ်တွေကို အားပေးထားပါတယ်။ သူတစ်ယောက်တည်းအောင်မြင်မှုကို မကြည့်ဘဲ လူငယ်တွေအတွက်ပါအမြဲတွေးပေးတဲ့ Suga ကတော့ အားကိုးလောက်စရာ စီနီယာကြီးတစ်ယောက်လို့ ဆိုရမှာပါ။






