BTS Jimin ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ FACE အယ်လ်ဘမ်နှင့် Title Song ဖြစ်တဲ့ Like Crazy ဟာဆိုရင် စံချိန်တွေအများကြီးချိုးထားတာဖြစ်ပါတယ်။ ထွက်လာတာကြာသွားပေမယ့် အခုချိန်ထိ စံချိန်သစ်တွေဆက်တိုက်တင်နေတဲ့ သီချင်းလည်းဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်နှင့်သီချင်းကို Jimin ရဲ့ပရိတ်သတ်တွေကပဲကြိုက်တာမဟုတ်ဘဲ ထိပ်တန်းမီဒီယာနှင့် ဂီတအဖွဲ့အစည်းတွေကပါ သဘောကျကြတာဖြစ်ပါတယ်။ Billboard ကနေတစ်နှစ်တာလုံးအတွက်အကောင်းဆုံး Best Kpop Solo Song အဖြစ် Jimin ရဲ့ Like Crazy ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ Rolling Stone နှင့် Consequence ကလည်း Jimin ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်နှင့်သီချင်းကို Best K Pop Male Solo Song နှင့် Best KPop Album အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။


Jimin ရဲ့ဒီတစ်ကိုယ်တော်အယ်လ်ဘမ်ဟာ Billboard မှာပထမဆုံးနေရာကိုရတဲ့ တောင်ကိုးရီးယားသီချင်းနှင့်အဆိုတော်ဖြစ်လာတဲ့အပြင် အခြားစံချိန်နှင့်အယ်လ်ဘမ်ရောင်းအားမှတ်တမ်းတွေအများကြီးရှိခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကိုယ်တော်အယ်လ်ဘမ်ဟာ BTS အဖွဲ့အနေနှင့်မဟုတ်ရင်တောင် တစ်ကိုယ်တော်အဖြစ်တောက်ပနေနိုင်တဲ့ Jimin ရဲ့အရည်အချင်းတွေကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။

Source – Twitter





