မကြာသေးမီက Song Hye Kyo၊ Huang Xiao Ming နဲ့ Zhang Zi Yi တို့ ပါဝင်ရိုက်ခဲ့တဲ့ 2014 ခုနှစ် “The Crossing” ဇာတ်ကားထဲက ပုံတွေက 9 နှစ် အကြာမှာ ပြန်လည်ရေပန်းစားလာခဲ့တာပါ.. ဒီ ဇာတ်လမ်းက ပြီးခဲ့တဲ့ 9 နှစ်တာအတွင်းမှာ တရုတ်နဲ့ ကိုရီးယားအနုပညာရှင်တွေရဲ့ အောင်မြင်ဆုံး မှတ်တိုင်တစ်ခုလို့ ဆိုလို့ရပါတယ်.. ဒီဇာတ်ကားက အရမ်းကြီး မအောင်မြင်ခဲ့ပေမယ့် သရုပ်ဆောင်တွေရဲ့ chemistry မိလွန်းတာကြောင့် ချီးကျူးခံခဲ့ ရပါတယ်..


အရင်တုန်းက ဓာတ်ပုံတွေမှာတော့ Song Hye Kyo ဟာ သူမရဲ့ အလှတရားက အပြစ်ပြောစရာ မရှိလောက်အောင်ကို ချောမော လှပလွန်းနေတာပါ.. သူမက ပေါ့ပါးစတိုင်လေးနဲ့ ဆံထုံးလေးကို မြင့်မြင့်ထုံးထားပြီး အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပါတယ်.. နောက်ထပ် ဓာတ်ပုံတစ်ပုံမှာတော့ Hye Kyo က နှာတံမြင့်မြင့်လေးနဲ့ ဘေးကို လှည့်ကြည့်နေတဲ့ ပုံလေးမှာ နှာတံလေးက သွယ်ဆင်းနေတာကြောင့် ပရိသတ်တွေက ဝိုင်းချီးကျုးနေကြတာလဲ ဖြစ်ပါတယ်..


10 နှစ်ကြာပြီးနောက်မှာလဲ Song Hye Kyo ရဲ့ အလှဟာ အိုမင်းရင့်ရော်တဲ့လက္ခဏာမရှိဘဲ အရင်တုန်းက ပုံလေးအတိုင်း နုပျိုလှပနေဆဲလဲ ဖြစ်ပါတယ်.. “The Glory” ဒရာမာဇာတ်ကား နဲ့ အောင်မြင်ခဲ့တဲ့ သူမကို ပရိသတ်တွေက နောက်ထပ် ဇာတ်ကားတွေမှာ ထပ်ပါဝင်ဖို့ မျှော်လင့်နေကြတာလဲ ဖြစ်ပါတယ်..


Song Hye Kyo က 1995 ခုနှစ်ကတည်းက သရုပ်ဆောင်မလုပ်ခင် မော်ဒယ်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့တာလဲ ဖြစ်ပါတယ်.. သူမက "Autumn in My Heart" "All In" "Full House" "Descendants of the Sun" နဲ့ "The Glory" တို့မှာ အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်.. သူမရဲ့ ဒရမ်မာတိုင်းက အောင်မြင်တယ်လို့တော့ မဟုတ်ပေမယ့် ကိုရီးယားရဲ့ အနုပညာလောကမှာတော့ Song Hye Kyo က အလှနတ်ဘုရားမ တစ်ပါးကို တောက်ပြောင်တဲ့ အလှတရားတွေနဲ့ ရှိနေတာကိုတော့ ငြင်းလို့ မရပါဘူး ..
သတင်း အရင်းအမြစ်៖ KBIZoom