ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့သူလဲ ဖြစ်ပါတယ်.. နေတိုးက ချစ်ရတဲ့သူလေးနဲ့ ရွှေလက်တွဲသွားပြီး အခုဆို သားလေးတစ်ယောက် ကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်..


ပျော်ရွှင်စရာမိသားစု ဘဝလေးကို တည်ဆောက်ထားတဲ့ နေတိုးက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့ အချိန်တွေ ကုန်ဆုံးနေတာလဲ ဖြစ်ပါတယ်.. သားဦးလေးဖြစ်တာကြောင့် ဖေဖေရော မေမေရောက ချစ်မဝဖြစ်နေကြတာလဲ ဖြစ်ပါတယ်..


ဒီနေ့ ဇွန်လ (၂၁) နေ့ကတော့ ကိုနေတိုးရဲ့ ချစ်ရတဲ့ ဇနီးလေး မသဲစုမြတ်ရဲ့ မွေးနေ့လေးလဲ ဖြစ်ပါတယ်.. ဇနီးလေးရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ မိသားစု ပုံရိပ်လေးတွေနဲ့အတူ ဆုမွန်ကောင်း တောင်းပေးထားတာပဲ ဖြစ်ပါတယ်.. ပရိသတ်တွေအတွက် နွေးထွေးကြည်နူးစရာကောင်းတဲ့ မိသားစု ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..


Photo Credit & Source : Nay Toe Fan's Page





