တောင်ကိုးရီးယားရဲ့ထိပ်တန်းအနုပညာရှင်တွေ အကုန်လုံးသွားခဲ့ကြတဲ့ Bruno Mars ရဲ့ Seoul Concert

//s9.kh1.co/7e/7e49ecc6ec0134df59657ba87a76496d446d4524.jpg
အနုပညာရှင်များ

 ၁၉-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

တစ်ကယ့်ထိပ်တန်းအနုပညာရှင်တွေကအစ သွားတာနော်

ကမ္ဘာအနှံ့မှာ အောင်မြင်နေတဲ့ Bruno Mars ကတော့ ကိုးနှစ်အတွင်းပထမဆုံးအနေနှင့် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။ ဒီပွဲဟာ လက်ရှိကိုးရီးယားပေါ့လောကရဲ့နာမည်အကြီးဆုံးသူတွေကို တစ်စုတစ်စည်းတည်းမြင်ရတဲ့ပွဲလို့တောင်ဆိုနိုင်ပါတယ်။

BTS RM
BTS RM

ကေပေါ့ရဲ့ထိပ်တန်းဖြစ်တဲ့ BTS အဖွဲ့ဝင် V နှင့် RM တို့ကလည်းဖျော်ဖြေပွဲကိုလာခဲ့ကြတာဖြစ်ပါတယ်။ V ကတော့သူရဲ့ Wooga Squad ထဲကအစ်ကိုဖြစ်တဲ့ Park Soe Jeon တို့နှင့်လာခဲ့တာဖြစ်ပြီး RM ကတော့တစ်ယောက်တည်းလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် BlackPink အဖွဲ့ဝင်တွေကိုလည်း သူတို့ရဲ့သူငယ်ချင်းတွေနှင့်အတူ ပွဲကိုလာခဲ့ကြတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ 

EXO D.O 
EXO D.O 
Super Junior 
Super Junior 

King of Kpop ဖြစ်တဲ့ G-Daragon ကိုလည်း မင်းသား Lee Soo Hyuk နှင့်အတူဖျော်ဖြေပွဲအတွင်းမှာတွေ့ခဲ့ရပါတယ်။ ပြီးတော့ EXO အဖွဲ့ဝင် D.O အပြင်  Girl Generation Sooyoung နှင့် မင်းသား Khyunho တို့ကိုလည်းအတွဲလိုက် တွေ့ခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုးရီးယားရဲ့ Best Female Rapper လို့ခေါ်တဲ့ ဂျက်ဆီနှင့် မင်းသမီး Song Hye Kyo တို့ကပါ ဖျော်ဖြေပွဲပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ထားတာတွေ့ခဲ့ရတာဖြစ်ပါတယ်။

Jessi 
Jessi 
Song Hye Kyo 
Song Hye Kyo 

ဒီဖျော်ဖြေပွဲကို NCT  Monsta X  Red Velvet The Boyz  Patagon Super Junior Seventeen  Somi စတဲ့အိုင်ဒေါ အဖွဲ့ဝင်တွေအများကြီးသွားရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ Bruno Mars ကတော့ တစ်ကယ်ကိုတောင်ကိုးရီးယားအနုပညာရှင်တွေရဲ့နှလုံးသားကိုသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ 

GD and Lee Soo Hyunk 
GD and Lee Soo Hyunk 
Soo Young and Khyun Ho 
Soo Young and Khyun Ho 

သတင်း အရင်းအမြစ် www.koreaboo.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T