ဂျွန်လ ၁၈ ရက်နေ့ “အဖေများနေ့”မှာ အဆိုတော် Marc Anthony ရဲ့ ရင်သွေးလေးကို ဇနီးဖြစ်သူ Nadia Ferreira ကမွေးဖွားပေးခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်အဆိုတော် Marc Anthony က အသက် ၂၄ နှစ်အရွယ် မော်ဒယ်ဖြစ်သူ Nadia Ferreiraကို ၂၀၂၂ ခုနှစ်မှာ စေ့စပ်ခွင့်တောင်းခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

ဒီရင်သွေးလေးက Marc Anthony ရဲ့ ခုနစ်ယောက်မြောက်ကလေးဖြစ်ပြီး သူတို့အတွဲက ကလေးလေးကို ကြိုဆိုကြောင်း စာတွေပုံတွေရေးပြီး Social Media တွေပေါ်မှာတင်ခဲ့ပါတယ်။ ကလေးရဲ့ ပုံတွေကိုတော့ သိသိသာသာပြထားခြင်းမရှိသလို မိန်းကလေးလား၊ ယောကျ်ားလေးလား ဆိုတာကိုလည်း
ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် ရင်သွေးလေးကို ရရှိခဲ့တဲ့အတွက် အရမ်းပျော်နေကြောင်း၊ အဖေများနေ့နဲ့ အချိန်ကိုက်ဖြစ်တဲ့ အတွက် ဘုရားပေးတဲ့ လက်ဆောင်ဖြစ်ကြောင်းကို Marc Anthony ကစာရေးပြီး Instagram ပေါ်တင်ခဲ့ပါတယ်။






