လွန်ခဲ့တဲ့ 7 နှစ်က ဒီလိုအချိန်မှာ Jisoo ကို BLACKPINK ရဲ့ တတိယမြောက်အဖွဲ့ဝင်တစ်ယောက်အဖြစ် ကြေညာခဲ့ပါတယ်.. လွန်ခဲ့တဲ့ 7 နှစ်က ပုံတွေကို ပြန်ကြည့်မယ်ဆိုရင်လဲ Jisoo ရဲ့ ပြောင်းလဲမှုတွေက မိတ်ကပ်တွေကအစ စတိုင်အဆုံး သိသိသာသာကြည့်လို့ကောင်းပြီး ပြောင်းလဲလာတာကို တွေ့ရပါတယ်..


Jisoo ရဲ့ ပွဲဦးထွက် ပထဆုံးပုံလေးက ကလေးလေးကို အပြစ်ကင်းစင်တာကြောင့် လူတိုင်း သဘောကျခဲ့ကြပါတယ်.. ကိုရီးယားလူမျိုးတွေကြားထဲမှာ သဘာဝအလှတရားလေးနဲ့ သူနဲ့လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကို ဝတ်ဆင်ထားတာကြောင့် Jisoo ဟာ ချက်ချင်းဆိုသလို ကိုရီးယားလူထုရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရပါတယ်..


2018 မှာ Jisoo ရဲ့ အလှတရားက စတင်ပြောင်းလဲလာခဲ့ပါပြီ.. Fashion ဝတ်စားပုံတွေကအစ မိတ်ကပ် look တွေ အဆုံး ပိုမိုလှပတောက်ပြောင်တဲ့ ပုံစံမျိုးလေးဖြစ်လာခဲ့ပါတယ်.. 2019 ခုနှစ်မှာတော့ သူမက နာမည်ကြီးတံဆိပ်တွေ၊ luxury brand တွေနဲ့ လက်တွဲပြီး Brand ambassador တစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ.. 2020 ခုနှစ်မှာ "FLOWER" ရဲ့ အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပြီး အောင်မြင်မှုတွေလဲ အများကြီးရခဲ့ပါတယ်..


2021 ခုနှစ်တုန်းက Jisoo ရိုက်ထားတဲ့ ပုံတွေက အင်တာနက်သုံးစွဲသူတွေကို အသက်ရှူမှားစေခဲ့ပါတယ်.. ဒီအရာတွေကို ကြည့်ချင်းအားဖြင့် Jisoo တစ်ယောက် Idol အဖြစ် 7 နှစ်ကြာအောင် လျှောက်လှမ်းခဲ့တဲ့ အနုပညာလောက က ပိုချော ပိုလှလာပြီး အများကြီးတိုးတက်ပြောင်းလဲလာတာကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်..

Source - KBIZoom