ဇွန်လ 1 ရက်ညက BLACKPINK အဖွဲ့ဝင် Jennie က ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းကတဲ့ Chanel ရဲ့ Métiers d'Art ရှိုးကို တက်ရောက်ခဲ့ပါတယ်.. ရောက်ရှိလာချိန်တွင် သူမဝတ်ထားတဲ့ စတိုင်က မြင်နေကျပုံစံမျိုးနဲ့ မတူဘဲ ထူးထူးခြားခြား ဝတ်စားခဲ့ပါတယ်..


အဆိုပါပွဲမှာ သတင်းထောက်တစ်ဦးက Jennie ကို လက်ပြခိုင်းပေမယ့် သူမက ငြင်းဆိုခဲ့ပါတယ်.. ဒါကြောင့် မီဒီယာတွေကြားမှာ ဝေဖန်မှုမြင့်တက်နေပြီး “ချေ” လွန်းတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်..


ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူမရဲ့ မန်နေဂျာက “Jennie က သူမရဲ့ ဒဏ်ရာကို ကုသမှုခံယူနေရတယ်” လို့ ရှင်းပြခဲ့ပါတယ်.. အဲဒါကြောင့် သတင်းထောက်တွေ တောင်းဆိုသလို မလုပ်နိုင်တာပါလို့ ပြောပြခဲ့ပါတယ်.. မီဒီယာတွေကိုလည်း တောင်းပန်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်..


Source – Popular