လွန်ခဲ့တဲ့ အပတ်တွေကပဲ NYC နဲ့ Los Angeles မြို့မှာ လက်ချင်းအတူတူချိတ်ပြီး လျှောက်သွားကြနေတဲ့ Camilaနဲ့ Shawn ရဲ့ ဓါတ်ပုံတွေဟာ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်တွဲပြီး ၆ ပတ်အကြာမှာပဲ ပြန်လည်ပြတ်ဆဲသွားကြပြန်ပါပြီ။ သူတို့နှစ်ဦးက ၂၀၂၁ ခုနှစ် မှာလည်း ၂ နှစ်ခွဲကြာတွဲခဲ့ပြီး ပြတ်ဆဲခဲ့တာကြောင့် ယခုအကြိမ်နဲ့ဆိုရင် နှစ်ခါတောင်ပြတ်ဆဲခဲ့တာဖြစ်ပါတယ်။

Camilaနဲ့ Shawn ရဲ့ ရင်းနှီးသူ တစ်ဦးကတော့ မီဒီယာတွေကို “သူတို အတွဲက ပြန်တွဲတာကိုမှားတာပါ၊ အရင်တစ်ခါ ပြတ်ကတည်းက နှစ်ယောက်လုံး ညှိမရတော့လို ပြတ်ခဲ့တာလေ၊ ဒါကို ပြန်တွဲတာကတော့ အရမ်းမှားတယ်”လို့ ပြောခဲ့ပါတယ်။

၂ နှစ်ကြာပြတ်ဆဲပြီးမှ ပြန်တွဲခဲ့ကြပေမယ့် ၆ ပတ်ပဲ ပြန်တွဲခဲ့တာကြောင့် ပရိသတ်တွေကတော့ သူတို့ နှစ်ဦးက ရေစက်မပါကြဘူးလို့ ကောမန့်တွေပေးခဲ့ကြပါတယ်။
