MARVEL စတူဒီယိုရဲ့ ပထမဆုံးအာရှစူပါဟီးရိုးအဖွဲ့ 'Team Agents of Atlas' ဇာတ်ကားကို ထုတ်ဝေဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဟာ Twitter အနှံ့ပျံ့နှံ့နေပါတယ်။ ဒီဇာတ်ကားမှာ BLACKPINK-Jennie ဟာ 'Luna Snow' အဖြစ်ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

Luna Snow ဟာ စက်မှုရေခဲသေတ္တာထဲမှာ ပိတ်မိနေပြီး သိပ္ပံနည်းကျစမ်းသပ်မှုခံရတဲ့ ကိုးရီးယားအမျိုးသမီးငယ်တစ်ဦးရဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ 'Luna Snow' နာမည်နဲ့ အဆိုတော်နှင့်Dancer တစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုပြီး ရေခဲတွေကိုချယ်လှယ်နိုင်မယ့် စူပါဟီးရိုးတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ အဆို၊ အက ကျွမ်းကျင်ပြီးဖြစ်တဲ့ Jennie နဲ့ အရမ်းလိုက်ဖက်မယ့် ကာရိုက်တာတစ်ခုပါ..။

Jennie နှင့် MARVEL တို့ကြား ကောလဟာလတွေဟာ ဇန်နဝါရီအစောပိုင်းကတည်းက ပျံ့နှံ့နေတာဖြစ်ပါတယ်။
Jennie တစ်ယောက် ဂီတလောကကိုချယ်လှယ်ပြီးနောက်ပိုင်း ရုပ်ရှင်လောကကိုချယ်လှယ်ဖို့များ ကြံနေတာလား...။
