“How to Train Your Dragon” ရဲ့ Live Action မှာ ပါဝင်လာမယ့် Nico Parker

//s9.kh1.co/1d/1db84813ddfd75d75e74a6e9f8ed6a131beb8d43.jpg
အနုပညာရှင်များ

 ၀၈-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

Live Action အဖြစ်အသက်သွင်း တော့မယ့် “How to Train Your Dragon” ရုပ်ရှင်မှာ .......

၂၀၁၉ မှာထွက်ခဲ့တဲ့ Dumbo ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ပီပြင်မှု့တွေကြောင့် နေရာတစ်ခုကိုရောက်လာတဲ့ ကလေးသရုပ်ဆောင် Nico Parker ကယခုအချိန်မှာ အသက် ၁၈ ရှိနေပါပြီ။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ Thandiwe Newton ရဲ့သမီးဖြစ်တဲ့အတွက်ကြောင့် မဟုတ်ဘဲ သရုပ်ဆောင်ကောင်းမှု့တွေကြောင့်သာ ဒီနေရာကိုရောက်လာခဲ့ကြောင်းကို Nico က “The Last of Us”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးပြသခဲ့ပါတယ်။  ဒါအပြင် Live Action အဖြစ် အသက်သွင်း တော့မယ့် “How to Train Your Dragon” ရုပ်ရှင်မှာလည်းခေါင်းဆောင်ပိုင်းနေရာကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

“How to Train Your Dragon” ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ “Astrid” နေရာမှာ Nico က သရုပ်ဆောင်ရမှာဖြစ်ပြီး သူမနှင့်အတူ “The Black Phone” ရုပ်ရှင်နဲ့ နာမည်ရလာခဲ့တဲ့ မင်းသားငယ် Mason Thomas က “Hiccup” နေရာမှာသရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

“How to Train Your Dragon” ရဲ့ Animated Version မှာပါဝင်ခဲ့တဲ့ချစ်စရာ “Toothless” လို့ခေါ်တဲ့နဂါးလေးကိုလည်း ဒီ Live Action မှာ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Naw
Naw

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T