နိုင်ငံခြားမှာ သွားရိုက်ထားတဲ့ ရိုဆန်ဆန် Pre Wedding ပုံလေးတွေ မျှဝေလာတဲ့ Mark Prin နဲ့ Kimmy တို့ စုံတွဲ

//s9.kh1.co/1f/1f5c6c399caa05aa8336069b7d26b71e18dc4b93.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစုံတွဲလေးတွေဖြစ်ကြတဲ့ ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီး Kimmy တို့က ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစုံတွဲလေးတွေဖြစ်ကြတဲ့ ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီး Kimmy တို့က မြင်သူတိုင်းအားကျရတဲ့ ထိုင်းစုံတွဲလေးဖြစ်သလို ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံက ပရိသတ်တွေကြားထိ နာမည်ကြီးရေပန်းစားနေတဲ့ စုံတွဲလေးလဲ ဖြစ်ပါတယ်.. ချစ်သူသက်တမ်း ၈ နှစ်ကျော် ကာလကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မနှစ်က ဧပြီလကပဲ Switzerland နိုင်ငံမှာ လက်ထပ်ခွင့်တောင်းလိုက်တာပဲ ဖြစ်ပါတယ်.. 

https://s9.kh1.co/__image/w=650,h=813,q=100/1c/1c8c5253870f3ac119234df829715addd7b4954a.jpg
https://s9.kh1.co/__image/w=650,h=413,q=100/02/028421a1a0475135f49c56951ae02babf74ea9da.jpg

နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို လာမယ့် စက်တင်ဘာလ 14 ရက်နေ့မှာ အီတလီနိုင်ငံမှာ မင်္ဂလာပွဲကျင်းပမှာဖြစ်ပြီး နိုဝင်ဘာလမှာ ထိုင်းနိုင်ငံမှာ နောက်ထပ် မင်္ဂလာပွဲကျင်းပမှာဖြစ်ပါတယ်.. နှစ်ယောက်လုံးက သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြို (PreWedding) ကို အီတလီမှာ သွားရိုက်ခဲ့ကြတာပါ.. 

https://s9.kh1.co/__image/w=650,h=413,q=100/3d/3df744cba01e0ef7f56ae59168882fee2fafd5b4.jpg
https://s9.kh1.co/__image/w=650,h=413,q=100/59/594db103fa553e23da9d924412fd1eff4574fada.jpg

မနေ့က Kimmy က သူမရဲ့ Instagram Acc ကနေ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ သူတို့နှစ်ယောက်ရဲ့ Pre Wedding ပုံလေးတွေကို မျှဝေခဲ့ပါတယ်.. Kimmy က “ (14.09.2023) တစ်ဘဝလုံး တူတူလက်တွဲသွားဖို့အတွက် ၃ လပဲ လိုတော့တယ် ??” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်.. ချစ်ဖို့ကောင်းပြီး Romantic ဆန်လွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.. 

https://s9.kh1.co/__image/w=650,h=813,q=100/e9/e9340431e4c726e1686cc81b74843e9e402adea4.jpg
https://s9.kh1.co/__image/w=650,h=407,q=100/e0/e02533b34ca714cec94a9754cd40380a8f4bbfe5.jpg

Source - MARK Prin Suparat Myanmar Fan Club

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T