BTS အဖွဲ့ဝင် V ရဲ့အောင်မြင်မှုနှင့် လူသိများမှုတွေကတော့ Instagram ကနေတစ်ဆင့် နောက်ထပ်ကမ္ဘာ့စံချိန်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ V ဟာ အင်စတာဂရမ် အကောင့်ဖွင့်ပြီးအချိန်တိုအတွင်းမှာပဲ ခြောက်ဆယ်မီလီယံ Follower ကိုအမြန်ဆုံးပြည့်တဲ့ မှတ်တမ်းကိုရရှိခဲ့တာပဲဖြစ်ပါတယ်။


အရင်ကလည်း V ဟာ Follower တစ်မီလီယံကို မိနစ်လေးဆယ်အတွင်း နှင့် (၁၀) မီလီယံ ကို တစ်ရက်အတွင်း အမြန်ဆုံးရတဲ့သူအဖြစ်စံချိန်တင်ထားဖူးပါတယ်။ သူ့ Acc ဟာဖွင့်ထားတာ ရက်ပေါင်း (၅၀၀) ကျော်ပဲရှိနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် V ရဲ့အင်စတာပို့စ်တွေတိုင်းဟာ အနည်းဆုံး Like ဆယ်မီလီယံလောက်ရလေ့ရှိပါတယ်။

V ဟာ သူ့အင်စတာဂရမ်မှာ သူ့ရဲ့နေ့စဥ်ဘဝ အလုပ်နှင့်ပတ်သက်တာတွေ ကြော်ညာတွေ တစ်ခြားအဖွဲ့ဝင် သူငယ်ချင်းတွေနှင့် နေထိုင်ပုံတွေကိုတင်လေ့ရှိတာဖြစ်ပါတယ်။ အင်စတာဂရမ်အကောင့်လေးကနေတောင် စံချိန်အသစ်တွေတစ်ခုပြီးတစ်ခုတင်နေတဲ့ V ကတော့ တစ်ကယ်ကိုကမ္ဘာ့အနှံ့ကျော်ကြားနေတဲ့ သူဆိုတာအမှန်ပါပဲနော်။

Source – Allkpop