အာရှနိုင်ငံအချို့မှာ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ ပြုလုပ်ပြီးနောက်မှာ ကိုရီးယားမိန်းကလေးအဖွဲ့ Blackpink က မကြာသေးမီက သြစတြေးလျနိုင်ငံရဲ့ နောက်ထပ်မြို့နှစ်မြို့ဖြစ်တဲ့ Sydney နဲ့ Melbourne ကို သွားရောက်ခဲ့ပါတယ်..

ဇွန် 10 နေ့ Melbourne မှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့ ဖျော်ဖြေပွဲ ပထမနေ့မှာ သောင်းနဲ့ချီတဲ့ ပရိသတ်တွေ တက်ရောက်အားပေးခဲ့ပါတယ်.. "Lovesick Girls" သီချင်းဆိုတဲ့ အချိန်မှာ Jennie က ရုတ်တရက် လမ်းလျှောက်ထ လျှောက်ပြီး Performance လုပ်သွားတဲ့ အရာလေးက ပရိသတ်တွေကို အံ့ဩမှင်သက်သွားစေခဲ့ပါတယ်..


Jennie က “ မကြာသေးမီက ကျန်းမာရေးအခြေအနေမကောင်းသေးတာကြောင့် concert တွေကနေ အနားယူဖို့လိုတယ်လို့” သူ့ Fan တွေကို ပြောထားပါတယ်.. ဒါပေမယ့် သူမပြောပြီးရက်အနည်းငယ်အကြာမှာ တက်တက်ကြွကြွနဲ့ ပရိသတ်တွေအရှေ့မှာ ကလေးလေးတစ်ယောက်လို ဖျော်ဖြေသွားတာကြောင့် အားလုံးက ဝိုင်းချီးကျူးနေကြပါတယ်..

Source - Popular kh