ကိုးရီးယားဒရာမာကားတွေကြည့်သူတိုင်းနှင့်ရင်းနှီးတဲ့ Snow Drop ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Soo Ryun ဟာဂျွန်လ (၁၁) ရက်နေ့တုန်းက သူ့အိမ်လှေခါးကနေချော်လဲပြီးသေဆုံးသွားခဲ့ပါတယ်။ မင်းသမီးဟာအသက် (၂၉) နှစ်ပဲရှိသေးတာကြောင့် ငယ်ရွယ်သေးတဲ့အချိန်မှာသေဆုံးသွားတယ်လို့ဆိုနိုင်ပါတယ်။

ချော်လဲကျတဲ့ဒဏ်ရာကြောင့်ဦးနှောက်သေသွားပြီးမကြာခင်မှာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ မင်းသမီးဟာနာမည်ကြီး ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး စိတ်ထားကောင်းလွန်းတာကြောင့် နာမည်ကြီးတဲ့သူလည်းဖြစ်ပါတယ်။


2022 ဇန်နဝါရီလတုန်းကလည်းပဲ Snow Drop ရဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Kim Mi Soo သေဆုံးခဲ့တာဖြစ်ပါတယ်။ မင်းသမီး Park Soo Ryun ရဲ့မိဘတွေက မင်းသမီးရဲ့ခန္တာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ မင်းသမီးရဲ့အသုဘအခမ်းအနားကိုတော့ ဂျွန်လ (၁၃) ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ Rest In Peace Park Soo Ryun!

Source – Soompi