လတ်တလောမှာတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးရေပန်းစားပြီး လူပြောများနေတဲ့ သတင်းလေးကတော့ ထိုင်းမင်းသား Nadech နဲ့ Yaya တို့ စုံတွဲလေးရဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်.. ချစ်သူသက်တမ်း ၁၂ နှစ်ကျော်ကြာ လက်တွဲခဲ့ပြီးနောက်မှာတော့ ဇွန်လ 5 ရက်နေ့ကပဲ လက်ထပ်ခွင့်တောင်းလိုက်တာ ဖြစ်ပါတယ်..


လက်ထပ်ခွင့်တောင်းပြီးနောက်ပိုင်း သူတို့နှစ်ယောက်က အရင်ကထက်လည်း ပိုချောလာကြသလို မိန်းကလေးပရိသတ်တွေကြားမှာလဲ အားကျတယ်၊ Yayay လို ဘဝမျိုးတန်ဖိုးထားပြီး ချစ်ခံချင်တယ်ဆိုပြီးတော့ အပြောများလာကြပါတယ်.. ဇွန်လာ ၉ ရက်နေ့က Yaya က ANESSA Event ကို တက်ရောက်ခဲ့ပြီး အင်တာဗျူးဖြေပေးသွားခဲ့ပါတယ်..


အင်တာဗျူးမှာ Yaya က သူမလက်ထပ်ခွင့်တောင်းခံရတဲ့ လက်စွပ်နဲ့ ပတ်သက်ပြီး အမှန်တရားကို အတည်ပြုပေးခဲ့ပါတယ်.. ပရိသတ်တွေ ထင်နေကြသလို လက်စွပ်က 12 ကာရက် မဟုတ်ဘဲ 5.5 ကာရက်သာ ရှိတယ်လို့ ဆိုပါတယ်.. ဒါ့အပြင် Yaya က အိမ်ထောင်ပြုမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း၊ လောလောဆယ်တော့ နှစ်ဖက်မိဘတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြောင်း ပြောကြားခဲ့ပါတယ်..


Source - Popular kh