ပရိသတ်အချစ်တော်မင်းသားကြီး Lee Dong Wook ရဲ့ `` Tale Of The Nine Tailed 1938 ´´ ဇာတ်လမ်းတွဲဟာ ယမန်နေ့က ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။Tale Of The Nine Tailed Season 2 ကို ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ကြပါတယ်

Season (1) ထက် Season (2) ကို ပိုပြီး ကြိုက်ခဲ့ကြတယ်လို့ ဆိုရလောက်တဲ့အထိ အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေအစ ရိုက်ကူးရေးအဖွဲ့သားတွေအဆုံး အကုန်လုံးဟာ သူတို့တာဝန်ကိုကျေပွန်အောင် အကောင်းဆုံးပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံးလက်ရာကို ချပြခဲ့ကြပါတယ်။

ဒီထဲမှာ ပရိသတ်တွေရဲ့ အသည်းစွဲ Lee Dong Wook လည်းအပါအဝင်ဖြစ်ပြီး အဓိကသရုပ်ဆောင်တစ်ယောာက်အနေနဲ့ အများကြီးကြိုးစားခဲ့တာကို တွေ့ရပါတယ်။Lee Dong Wook ဟာ ဇာတ်လမ်းအပိုင်းအကုန် ရိုက်ကူးပြီးချိန်မှာ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် သူ့အနေနဲ့ ဘယ်လောက်အထိကြိုးစားထားလဲဆိုတာသိနိုင်ပြီး ပရိသတ်တွေကလည်း ဂရုဏာသက်ကာ နှစ်သိမ့်ချီးကျူးပေးခဲ့ကြပါတယ်။

Lee Dong Wook ဟာ ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် ဇာတ်ကားတိုင်းကို စိတ်ပါပါ သရုပ်ဆောင်ပြီး သူ့အနုပညာကို သေချာချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။Tale Of The Nine Taile ဟာ Season (3) ပါ ပရိသတ်တွေဆီ ရောက်လာဦးမယ်လို့ သတင်းထွက်နေပြီး ထွက်လာလာ မလာလာ Lee Dong Wook ကိုရော တစ်ဖွဲ့သားလုံးကိုပါ အထူးချီးကျုးရမှာ ဖြစ်ပါတယ်။

Source : Facebook
Photos : Credit