မကြာသေးခင်က တောင်ကိုရီးယားမင်းသားချော Song Joong Ki နဲ့ ဇနီးဖြစ်သူ Katy တို့ဟာ နှစ်ယောက်တည်း စျေးဝယ်ထွက်နေတာကို တွေ့ခဲ့ရပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ မွေးဖွားလာတော့မယ့် ရင်သွေးလေးအတွက် စျေးဝယ်ထွက်ခဲ့တယ်လို့ သိရပြီး သူတို့နှစ်ဦးအတွက် ကြည်နူးစရာအချိန်လေး ဖြစ်ခဲ့ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ကို အီတလီမြို့လမ်းမထက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး ပရိသတ်တစ်ဦးရဲ့ ဓာတ်ပုံရိုက်ချက်ကြောင့် အင်တာနက်သုံးစွဲသူတွေ အနေနဲ့ သတိထားမိခဲ့ကြပါတယ်။သတင်းတွေအရ ကလေးအတွက်ပစ္စည်းတွေ သွားဝယ်ခဲ့တယ်လို့ သိခဲ့ရပြီး နှစ်ယောက်သား လက်ချင်းချိတ်ပြီးသွားနေပုံလေးက မြင်ရသူတိုင်းကို ကြည်နူးစေခဲ့ပါတယ်။

ဇနီးဖြစ်သူ Katy ဟာ ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေတာကြောင့် ဇနီးမောင်နှံနှစ်ယောက်ဟာ အရာရာပြင်ဆင်နေကြပြီး အလုပ်ရှုပ်နေကြတာ ဖြစ်ပါတယ်။နှစ်ဖက်မိသားစုတွေက ပံ့ပိုးနေကြပေမယ့် Song Joong Ki တို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့သေးသေးလေးတွေကအစ ကိုယ်တိုင်လုပ်ပေးချင်နေကြတာပဲ ဖြစ်ပါတယ်။

Song Joong Ki အနေနဲ့ မီးဖွားခါနီးနေတဲ့ ဇနီးဖြစ်သူကို အထူးဂရုစိုက်ပေးနေပြီး ဇနီးဖြစ်သူသွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးနေတာပဲ ဖြစ်ပါတယ်။Song Joong Ki တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဖော် ပြပေးလိုက်ရပါတယ်။

Source : Lovekpop95
Photos : Credit





