Blackpink အဖွဲ့ဝင် Lisa ဟာ သူထိုးထားတဲ့ Tattoo လေးကို သူမရဲ့ပရိသတ်တွေကို ပြသခဲ့ဖူးပါတယ်။Lisa ဟာ နတ်သမီးပုံလေးထိုးထားတာ ဖြစ်ပြီး သူ့အနေနဲ့တော်တော် သဘောကျပုံရပါတယ်။ဒါပေမယ့် သူဟာ ထို Tattoo ထိုးပြီးခါစက စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။

အကြောင်းကတော့ သူမ Tattoo ကို တချို့က ` ခြင် ´ နဲ့ တူတယ်လို့ ပြောကြတာကြောင့် သူမအနေနဲ့ စိတ်မကောင်းအနည်းငယ်ဖြစ်မိတယ်လို့ သူမနဲ့ရင်းနှီးတဲ့ မိတ်ဆွေ Chace ကို ရင်ဖွင့်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းတွေက Chace က ပြန်ပြောပြခဲ့တာ ဖြစ်ပြီး သူမရဲ့ Tattoo က Fairy ပုံ ဖြစ်ကြောင်းနဲ့ Lisa ဟာ လူမှုကွန်ရက်မှာ သူ့ကို ဘယ်လိုတွေပြောကြလဲဆိုတာကို လိုက်ကြည့်တတ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ဒါ့အပြင် Lisa ဟာ သူ့ရဲ့ Fairy Tattoo ကို အလွန်သဘောကျတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့်လည်း Chace က Lisa ကို အခုလိုမပြောကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။Chace ဟာ Lisa ရဲ့ Solo Fancam တွေကို အလှပဆုံးရိုက်ကူးပေးနေကြဖြစ်တဲ့ Fansite Masternim တစ်ဦးလည်းဖြစ်ပါတယ်။

Source: Kbizoom
Photos : Credit