ခင်ပွန်းသည်ရဲ့ နှုတ်ဆက်ပွဲမှာ ပရိသတ်တွေကို ဦးညွှတ်ခဲ့တဲ့ နာအွန်းလေးတို့ မိခင် Anna Park

//s9.kh1.co/24/2493eed53c3cf85aaee577760365d1572d47a757.jpg
အနုပညာရှင်များ

 ၀၈-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

Anna Park ဟာ ကင်ဆာဝေဒနာခံစားနေရတာ ဖြစ်ပြီး......

တောင်ကိုရီးယားဘောလုံးကစားသမား Park Joo Ho ဟာ ဇွန်လ (၆) ရက်နေ့က သူ့ရဲ့ကစားသမားဘဝနှုတ်ဆက်ပွဲကို Suwon Sports Complex မှာ ကျင်းပခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးပွဲမတိုင်ခင် ကျင်းပခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ပရိသတ်များစွာ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/f2/f2848d924a707e6e99bbf547e16877662fd1ad98.jpg

Park Joo Ho ရဲ့ မိသားစုနဲ့အတူ Suwon ကစားသမားတွေဟာ Park Joo Ho ကို ဂုဏ်ပြုတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။သူတို့ရဲ့ တီရှပ်တွေပေါ်မှာ `` ကျေးဇူးတင်ပါတယ် Park Joo Ho ‘’ ဆိုတဲ့ စာတန်းနဲ့အတူ Park Joo Ho ရဲ့ ဓာတ်ပုံတစ်ပုံ ပါရှိတာပဲ ဖြစ်ပြီး သူတို့ကစားသမားကို သေချာဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/6c/6c479593a03ca3a42445e4d247dbfa8751647054.jpg

ပရိသတ်တွေဟာ Park Joo Ho ကို လက်ခုပ်ဩဘာပေးကာ ဂုဏ်ပြုပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ပွဲအပြီးမှာ Park Joo Ho ရဲ့ ဇနီး Anna Park ဟာ ပရိသတ်တွေ မျက်ရည်ကျစေမယ့် အရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။Anna Park ဟာ ပရိသတ်တွေရှိတဲ့ ဘက်ကိုသွားပြီး ဦးညွှတ်ကာ အလေးအနက်ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/9c/9ce4262cf3a2cc840404b09327c8ea02187d2204.jpg

ပရိသတ်တွေကလည်း သူမရဲ့လုပ်ရပ်ကို မြင်ပြီး စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် ဂုဏ်ပြုပေးခဲ့ကြပါတယ်။Anna Park ဟာ ကင်ဆာရောဂါခံစားနေရတာ ဖြစ်ပြီး အနည်းငယ်သက်သာလာပေမယ့် ခင်ပွန်းဖြစ်သူက ပြုစုစောင့်ရှောက်ပေးချင်တာကြောင့် အခုလို ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/89/897e71c0fe87b5436e44a1dcfbdb06793a74a6d3.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T