လတ်တလောကပဲ ပြတ်ဆဲသွားကြပြီလို့ သတင်းတွေထွက်ခဲ့တဲ့ Leonardo နဲ့ Gigi Hadid တို့ကို လန်ဒန်မြို့က စားသောက်ဆိုင်တစ်ခုမှာ အတူတူ ညစာစားနေကြတာကို တွေ့ခဲ့ရပါတယ်။ Leonardo ရဲ့ဖခင်ဖြစ်သူ George DiCaprio နဲ့ မိထွေးဖြစ်သူ Peggy Farrar တို့ကိုပါ သူတို့နှစ်ဦးနဲ့ အတူတကွ ညစာစားနေကြတာကို တွေ့ခဲ့ရပါတယ်။

ကောလဟာလသတင်းတွေထွက်မှာ စိုးရိမ်တဲ့ သူတို့အတွဲက အတူတူသွားလာနေကြတာမျိုး မဟုတ်ပေမယ့် အချိန်နည်းနည်းခြားပြီး သပ်သပ်စီလာရောက်ခဲ့တာပဲဖြစ်ပါတယ်။ အရင်ထွက်ပေါ် လာတဲ့ သတင်းတွေကိုလည်း တုံ့ပြန်ခြင်းမရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ Leonardo ဘက်ကသူတို့နှစ်ဦးရဲ့ အချစ်ရေးကို နောက်တစ်ဆင့်ထပ်မြင့်နေပြီလို့ ထင်ကြေးပေးနေကြပါတယ်။

သူ့ထက် အသက်တစ်ဝက်လောက်ငယ်တဲ့ မိန်းကလေးတွေနဲ့ တွဲခုတ်လို့ အမြဲဝေဖန်ခံနေရတဲ့ မင်းသားကြီး Leonardo က Gigi ကိုတကယ်ပဲ အတည်ကြံနေပြီလားဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
