ချစ်သူသက်တမ်း (၁၂) နီးပါးနှစ်ကြာအောင်လက်တွဲခဲ့ကြတဲ့ ပရိသတ်အချစ်တော် ထိုင်းစုံတွဲလေးဖြစ်ကြတဲ့ Yaya နဲ့ Nadech တို့ကတော့ လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်သလို ထိုင်းနိုင်ငံမှာ ချစ်သူသက်တမ်းအကြာဆုံး အတွဲလေးလဲ ဖြစ်ပါတယ်..

လူအများ စောင့်မျှော်နေကြတဲ့အတိုင်း Nadech က နောက်ဆုံးမှာတော့ Yaya ကို 2023 ခုနှစ် ဇွန်လ 5 ရက်နေ့မှာ အီတလီမှာ လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်.. 12 နှစ်ကြာ ချစ်သူအဖြစ်နဲ့ ဖြစ်သန်းခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ယောက်ဘဝကို တူတူလက်တွဲပြီးလျှောက်လှမ်းတော့မှာဖြစ်တာကြောင့် Ya Ya ကိုယ်တိုင်ကရော ပရိသတ်တွေကပါ အတိုင်းမသိ ပျော်ရွှင်နေကြတာပါ..


လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့အရာက Nadech က Yaya လက်ထပ်ခွင့်တောင်းခဲ့တဲ့ စိန်လက်စွပ်ပဲ ဖြစ်ပါတယ်.. လက်စွပ်က စိန် 12 ကာရက်အရွယ်အစားရှိပြီး Nadech က ဒီလက်စွပ်ကို 2019 ခုနှစ်ကတည်းက ပြင်ဆင်နေတာလို့ သိရပါတယ်.. 12 ကာရက်ရှိတဲ့ လက်စွပ်ကို ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ သူတို့နှစ်ယောက်က 12 နှစ်ကြာတွဲလာခဲ့တာမို့ သူတို့နှစ်ယောက်ရဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြချင်တဲ့ အဓိပ္ပာယ်နဲ့ လုပ်ခဲ့တာလို့ ပြောပြခဲ့ပါတယ်..


Source – Popular