ဖက်ရှင်အလန်းလေးတွေကို အမြဲဝတ်ဆင်ကာ အမြဲကျော့ရှင်းလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ ပရိသတ်အချစ်တော် မိုးစက်ဝိုင်ပဲ ဖြစ်ပါတယ်.. လှပလွန်းတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာကြောင့် ယောကျာ်းလေးတွေသာမက မိန်းကလေးတွေပါ အားကျအတုယူနေရသူလေးပါ..

မိုးစက်ဝိုင်ကတော့ 2013 ခုနှစ်တုန်းက Miss Universe Myanmar ရဲ့ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်လဲ ဖြစ်ပါတယ်.. ဒါအပြင် နာမည်ကြီး ရုံတင်ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပါသေးတယ်..

မနေ့က ဇွန်လ (၆)ရက်နေ့ကပဲ မိုးစက်ဝိုင်က သူချစ်ရတဲ့သူနဲ့ လက်ထပ်နဲ့ လက်ထပ်လိုက်ပြီပဲ ဖြစ်ပါတယ်.. သူတိုနှစ်ယောက်ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို Lotte Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လိုသိရပါတယ်..

