B.A.P အဖွဲ့ဝင်ဟောင်း Bang Yang Guk ဟာ မကြာသေးခင်က အရှက်ရစရာ ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါကတော့ ပရိသတ်တွေဟာ သူ့အဖွဲ့ဟောင်းကို BTS နဲ့ ယှဥ်ပြောခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
Bang Yang Guk ဟာ မကြာသေးခင်က ဖျော်ဖြေပွဲတစ်ခု ဖျော်ဖြေခဲ့ပါတယ်။ထိုပွဲမာ ပရိသတ်တစ်ဦးက ရုတ်တရက် `` B.A.P က BTS ထက် ပိုကောင်းတယ် '' လို့ ပြောကြားခဲ့ပြီး ဒါကို Yang Guk ကြားတော့ အခုလိုမပြောဖို့တောင်းဆိုခဲ့သလို သူလည်းဒုက္ခရောက်နိုင်ကြောင်း ရှက်ရွံ့တဲ့ပုံနဲ့ တိုးတိုးလေးပြောခဲ့ပါတယ်။
ထို video ဟာ online မှာ ပေါက်သွားပြီး ကြည့်ရှူသူအများအပြားရရှိခဲ့ပါတယ်။ဒါပေမယ့် BTS ပရိသတ်တွေဟာ အခုလိုနှိုင်းယှဥ်တာကို သဘောမကျပဲ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။Bang Yang Guk ကလည်း သူ့ပရိသတ်ရဲ့အပြုအမူအတွက် ရှက်ရွံ့နေခဲ့ပါတယ်။
B.A.P ဟာ (၂၀၁၂) ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး BTS နဲ့ အပြိုင်ဖြစ်ခဲပေမယ့် သူတို့ရဲ့ အေဂျင်စီဟောင်းနဲ့ ငွေကြေးအရှုပ်တော်ပုံတွေကြောင့် အဖွဲ့လုပ်ငန်းတွေကိုခေတ္တရပ်နားခဲ့ရတာပဲ ဖြစ်ပါတယ်။
Photos : Credit